3.4.13

ဂျာမန်မြေကအပြန် ဂျူဗင်တပ်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ေ၀၀ါးသွားခဲ့ပြီ

ပွဲအစ ၂၆စက္ကန့်မှာပဲ ကွင်းတစ်ဝက်လောက်ကနေ အလာဘာကန်သွင်း ရာမှာ အားမပါပေမယ့် ဘူဖွန် ဘောလုံးလမ်းကြောင်း တွက်ဆပုံမှား ယွင်းပြီး ဟန်ချက်ပျက်ခဲ့တာကြောင့် ဘိုင်ယန်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ချန်ပီယံလိဂ်မှာ ၄၉၁မိနစ် ဂိုးမပေးခဲ့ရတဲ့ ဘူဖွန်ရဲ့ မှတ်တမ်းကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။

ဘိုင်ယန်ဟာ ကွင်းလယ်မှာ စတိုင်ဂါ၊ တိုနီခရူးစ်၊ ဂူစတာဗိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဂျူဗီ ကိုကွင်းလယ် အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ဂျူဗီတို့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့ဘဲ ဘိုင်ယန်တိုက်စစ်ကို ခုခံရင်း အချိန်ကုန်ခဲ့ရတာပါ။ ဒါပေမဲ့ ဘိုင်ယန်တို့အဆုံးသတ်ပိုင်း အားနည်းခဲ့ပြီး ဧရိယာထဲကနေ အပိုင်ကန် သွင်း ဖို့ကြိုးစားနေတာကြောင့် ဂိုးထပ်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဂျူဗီဟာ ပထမပိုင်းမှာ ဂိုးပေါက် ၃ကြိမ်ပဲ ကန်ခွင့်ရခဲ့ပြီး ကန်ချက်အားလုံးလည်း ဂိုးပေါက်မတည့်ခဲ့ပါဘူး။

ဒုတိယပိုင်းပြန်စပြီး ၃မိနစ်အကြာမှာ မန်ဇူကစ်ရဲ့ ထောင့်ဖြတ်ကန်ချက်ကို ဘူဖွန် ကာကွယ်နိုင်ခဲ့လို့ ဂျူဗီတို့ သက်သာရာရခဲ့ပေမယ့် ၆၂မိနစ်အရောက်မှာတော့ ဂူစတာဗိုရဲ့ကန်ချက်ကို ဘူဖွန် ပုတ်ထုတ်ခဲ့ပြီး ပြန် ထွက်လာတဲ့ ဘောလုံးကို မန်ဇူကစ်ရသွားရာမှာ ဒီကစားသမားက လွတ်နေတဲ့ မူလာဆီထိုးပေးခဲ့ရာကနေ မူလာအနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့လို့ ဘိုင်ယန်တို့ ဒုတိယဂိုး ရခဲ့ပါတယ်။ ဂျူဗီဟာ ဒီပွဲမှာ ဘိုင်ယန်ရဲ့မြန်နှုန်း ကို မထိန်းနိုင်ခဲ့သလို ကစား ကွက်တည်မရခဲ့တာလည်း တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ဂျူဗီဟာ ဗူစီနစ်၊ ဂျီယိုဗင်ကိုတို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘိုင်ယန်ကပဲ ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ဂျူဗီတို့ လျှက် တစ်ပြက်ကန်ချက်တွေနဲ့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပြီး နျူအာ လက်စွမ်းပြသွားခဲ့လို့ ဥရောပပွဲ ၁၀ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်အဆုံးသတ် ခဲ့သလိုအဝေးဂိုးမရဘဲ ၂ဂိုးပြတ်ရှုံးနိမ့်ခဲ့ရလို့နောက်တစ်ဆင့်တက်ရေးအတွက်လည်း ခက်ခဲသွားခဲ့ရပါတယ်။

0 comments:

Post a Comment