3.4.13

အသင်း ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရန် ဂျရတ် မျှော်လင့်

အင်္ဂလန် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသကဲ့သို့ လီဗာပူးနှင့်လည်း စာချုပ်သစ် ကိစ္စ ဆွေးနွေးနေသည့် ဂျရတ်က လီဗာပူးအား ချန်ပီယံလိဂ် ၀င်ခွင့်ရစေမည့် ထိပ်ဆုံး ၄ သင်း စာရင်း ၀င်ရန် မျှော်လင့်နေကြောင်း ပြောဆိုခဲ့သည်။ လီဗာပူး အသင်းမှာ တနင်္ဂနွေနေ့က ဗီလာနှင့် အဝေးကွင်း ပွဲစဉ်တွင် ၁း၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့် ၄ အသင်းနှင့် ၇ မှတ် အကွာ အဆင့် ၇ တွင် ရှိနေသည်။ ဂျရတ်က ကျွန်တော်တို့ အနေနဲ့ ပွဲတိုင်း ပွဲတိုင်းမှာ ကောင်းကောင်း ကစားသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ တချို့ပွဲတွေမှာ ထင်တိုင်း မပေါက်ပေမယ့် တကယ်ကြိုးစားရင် နိုင်ပွဲဆိုတာ ဖြစ်လာမှာပါပဲ။ အခုအချိန်မှာ လက်ကျန် ပွဲဟာ သိပ်မရှိတော့တာမို့ ထိပ်ဆုံး ၄ သင်း စာရင်းကို မျှော်လင့်ယုံသာ မျှော်လင့်နိုင်ပေမယ့် လာမယ့် နွေမှာ လိုတာတွေ ဖြည့်ပြီးရင် ကျွန်တော်တို့ဟာ အကောင်းဆုံး ၄ သင်းစာရင်းထဲပါကို ပါလာပါလိမ့်မယ် ဟု ပြောဆိုသွားခဲ့သည်။ နည်းပြ ရော်ဂျာမှာ ၃၂ နှစ် ရှိပြီဖြစ်သော ဂျရတ်အား စာချုပ်သစ် ကိစ္စ အဆင်ပြေရေးအတွက် ပူပင်စရာ မရှိကြောင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။

0 comments:

Post a Comment