29.8.13

ဆီးဂိမ်းဧည့်သည်တွေ အတွက် ဟိုတယ် ၃၃လုံး စီစဉ်ထားပေး

မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွင်း လာရောက်ကြည့်ရှုမယ့် ဧည့်သည်တွေအတွက် ဟိုတယ် ၃၃ လုံး စီစဉ်ထားပေးတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောပါတယ်။


အားကစားသမားတွေ၊ အားကစား တာဝန်ရှိသူတွေ၊ မီဒီယာနဲ့ လိုက်ပါကြည့်ရှုတဲ့ ပရိသတ်တွေ တည်းခိုဖို့အတွက် ရန်ကုန်မြို့ရှိ ကြယ်နှစ်ပွင့်ကနေ ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်၃၃လုံးကို စီစဉ်ပေးထားတယ်လို့ ဟိုတယ်နှင့် ခရီးသွားဝန် ကြီးဌာနက ဦးမြင့်ထွန်းဦးက ပြောပါတယ်။

ဟိုတယ် ၃၃ လုံးထဲက ၁၀ လုံးကိုတော့ အားကစားသမားတွေ၊ ဒိုင်လူကြီးတွေနဲ့ အထူးဧည့်သည်တွေအတွက် ရာထားမယ်လို့ ဆိုပါတယ်။

အားကစားပြိုင်ပွဲကို လာရောက်မယ့် နိုင်ငံခြားက တာဝန်ရှိသူတွေ နားခိုနိုင်ဖို့်အတွက် အခန်းပေါင်း ၂၄၆ခန်းအပြင် အားကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအတွက် အခန်းပေါင်း ၃၅၁ခန်းကို စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

ဟိုတယ် ၃၃ လုံး အဆင်သင့်ရှိအောင် အစိုးရက သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ နေလို့ရအောင် စီစဉ်ပေးသွားမယ်လို့ ပြောပါတယ်။

ABC Radio Australia

အရှေ့တောင်အာရှ ၁၀နိုင်ငံ အာဆီယံ အသင်းများရဲ့ အလံတော်များ

0 comments:

Post a Comment