29.8.13

ဆလီနာ ဂိုမက်ဇ်နှင့် ဂျော့ရှဲလ်လေးတို့ ပေါ်တူဂီသို့ သွားရောက်ရန် စီစဉ်လျက်ရှိ

ကမ္ဘာကျော် သရုပ်ဆောင်နှင့် အဆိုတော် ဆလီနာ ဂိုမက်ဇ်နှင့် Union J အဖွဲ့မှ ဂျော့ရှဲလ်လေး တို့သည် လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။


အသက် ၂၀ နှစ်အရွယ်ရှိ ဂျော့ရှဲလ်လေးသည် ၎င်းတို့နှစ်ဦး တွေ့ဆုံစဉ် မီးပုံပွဲ တစ်ပွဲ ကျင်းပရန် မျှော်လင့်ထားပြီး တေးဂီတ ဖျော်ဖြေပွဲ အတွက် လစ္စဘွန်းသို့ သွားရမည့် ရက်နှင့် တွေ့ဆုံမည့် ရက်သည် တိုက်ဆိုင် နေခြင်းကြောင့် ဆလီနာကိုပါ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျော့က ပြောကြားခဲ့သည်။

ဆလီနာသည် နာမည်ကြီး အနုပညာရှင်များ အနက် တစ်ဦး အပါအ၀င် ဖြစ်ကြောင်းနှင့် သူမအား စတင် တွေ့ဆုံစဉ် ကပင် စိတ်ဝင်စားခဲ့ပြီး မိမိအား ပျော်ရွှင်အောင် ဖန်တီး ပေးနိုင်မည့်သူ တစ်ဦးဟု ထင်ကြောင်း ဂျော့က Daily Mirror သတင်းစာသို့ ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment