27.7.15

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀ဝနှုန်းသတ်မှတ်ပါက အချိန်ပိုကြေးကိုလျှော့ချပေးရန် လုပ်ငန်းရှင်အချို့က ဝန်ကြီးဌာနသို့ တင်ပြထားမှုအပေါ် အလုပ်သမား များကန့်ကွက်


ရန်ကုန်၊ ဇူလိုင် ၂၆-အဆိုပြု အနိမ့် ဆုံးလုပ်ခကို ကျပ် ၃၆၀၀ နှုန်း သတ် မှတ်ခဲ့ပါက အချိန်ပိုကြေးကို လျှော့ ချပေးရန် လုပ်ငန်းရှင်အချို့တင်ပြ ထားမှုကို အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်သမားများထံ ပြန်လည်ချပြရာ အဆိုပါတင်ပြချက်ကို အလုပ်သ မားများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၆ ရက်တွင်ပြုလုပ်သည့် အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး အ မျိုးသားကော်မတီနှင့် အနိမ့်ဆုံးလုပ် ခအဆိုပြုနှုန်း ကျပ် ၃၆၀၀ အပေါ် ကန့်ကွက်ကြောင်း အဆိုပြုထားသည့် အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ ဆုံစဉ် အလုပ်ရှင်အချို့၏ အဆို ပြုတင်ပြထားချက်များကို ဝန်ကြီးဌာ နမှချပြရာ၌ ထိုသို့ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

တိုင်ရီအလုပ်သမားသမဂ္ဂခေါင်း ဆောင်မမိုးဝေက ''အခြေခံလုပ်ခက အခုမှ တိုးမယ်ပဲ ကြံပါသေးတယ်။ အချိန်ပိုလုပ်ခလျှော့ချမယ်ဆိုတာ ကိုတော့ ကျွန်မတို့ လုံးဝလက်မခံပါဘူး။ ပြီးတော့ တနင်္ဂနွေလုပ်ခခံစား ခွင့်ကို လျှော့ချဖို့ဆိုတာလဲ ဥပဒေနဲ့ အညီ ခံစားခွင့်ဖြစ်တဲ့အတွက် ကျွန်မ တို့လုံးဝလက်မခံပါဘူး''ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် လုပ်ခခံစားခွင့်အပေါ် ထိုသို့ရရှိပြီး သည့် ဥပဒေပါအခွင့်အရေးများကို ပြန်လည်လျှော့ချမည်ဆိုပါက မဖြစ် နိုင်ကြောင်း၊ လက်ရှိ ကျပ် ၃၆၀၀ နှုန်း ထားသည်လည်း အလုပ်သမားများ အတွက် လောက်ငသည့်နှုန်းထား တစ်ရပ်မဟုတ်ကြောင်းတို့ကိုလည်း မမိုးဝေက ထောက်ပြပြောဆိုခဲ့သည်။

လုပ်ငန်းရှင်များမှ အဆိုပါတင် ပြချက်ကို ဇူလိုင် ၂၅ ရက်တွင်ပြုလုပ် သည့် ကျပ် ၃၆၀၀ အပေါ် မပေးနိုင် ကြောင်းအဆိုပြုထားသည့် လုပ်ငန်း ရှင် ၅၇ ဖွဲ့နှင့် အနိမ့်ဆုံးလုပ်ခသတ် မှတ်နိုင်ရေး အမျိုးသားကော်မတီနှင့် တွေ့ဆုံစဉ်၌ လက်ရှိအချိန်ပိုလုပ်ခ နှစ်ဆပေးနေရခြင်းအပေါ် တစ်ဆခွဲ သို့လျှော့ ချပေးရန်အပါအဝင် အခြား အချက်များကို အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်ကြောင်း အနိမ့်ဆုံးလုပ်ခသတ်မှတ် နိုင်ရေး အမျိုးသားကော်မတီအတွင်း ရေးမှူး အလုပ်သမားဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

''လှိုင်သာယာမှာဆိုရင် ကန့်ကွက် တဲ့ အလုပ်ရှင် ၁၀၈ ဖွဲ့ရှိတယ်၊ မနေ့ ကကျတော့ ၅ရ ဖွဲ့နဲ့တွေ့တယ်။ အ ခုအခြေအနေအထိ အလုပ်ရှင်အတော် များများက ကျပ် ၃၆၀၀ နဲ့ပတ် သက်ပြီး ပေးနိုင်အောင်ကြိုးစားကြမယ်။ သို့သော်လဲ တချို့နေရာတွေ မှာ အခြေခံနှုန်းထားကမြင့်သွားတော့ OT က နှစ်ဆဆိုတာကို အာဆီယံ နိုင်ငံတွေမှာကျတော့ ပေးလေ့ပေးထ မရှိဘူးပေါ့။ ဒါလေးကိုလျှော့ပေးလို့ ပြောတာတွေရှိတယ်''ဟု အလုပ်ရှင် များ အဆိုပြုတင်ပြသည့်အခြေအနေနှင့်ပတ်သက်၍ အမြဲတမ်းအတွင်း ဝန်ဦးမျိုးအောင်က ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် ကန့်ကွက်ထား သည့် အလုပ်ရှင်၊ အလုပ်သမားများ နှင့် ကန့်ကွက်ရခြင်းအကြောင်းရင်း များကို ညှိနှိုင်းဆွေးနွေးခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် ညှိနှိုင်းဆွေးနွေးပြီးဖြစ်ကြောင်း၊ ဩဂုတ် ၁ ရက်အထိ ရန်ကုန်တိုင်းဒေ သကြီး စက်မှုဇုန်များရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အ တိုင်းအတာအရ အလုပ်ရှင်၊ အလုပ် သမားကန့်ကွက်လွှာ ၃၃၁ စောင်ရှိ ပြီး အလုပ်ရှင် ၂၈၅ ဖွဲ့ ကန့် ကွက် ကြောင်းထောက်ခံသည့် အလုပ်ရှင် အဖွဲ့ကိုးဖွဲ့ရှိကြောင်း၊ ကန့်ကွက်သည့် အလုပ်သမားအဖွဲ့များရှိသလို ထောက်ခံသည့် အလုပ်သမားအဖွဲ့များလည်း ရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ဆက်လက်ဆိုသည်။

''အကယ်၍ ဒီလိုဖြစ်လာရင် တော့ ကျွန်တော့်အမြင်အရ စဉ်းစားပေးရ မယ်ထင်တယ်။ ဘာလဲဆိုတော့ တအားမြင့်သွားတာဆိုတော့ မပေး နိုင်တဲ့ အလုပ်ရှင်တွေအများကြီးပဲ။ တာဝန်ကပိသွားတာပေါ့။ ဒါပေမဲ့ အဲ ဒါဥပဒေပြင်ရမှာ၊ ဥပဒေပြင်ရင် ချက် ချင်းတော့မရဘူး။ အချိန်တော့ပေး ရမယ်။ အာဆီယံမှာက တစ်ဆခွဲ တွေပဲများတယ်။ ဒါပေမဲ့ ဥပဒေပြင် ပြီးမှသာ သက်ရောက်မှုရှိနိုင်မှာပေါ့'' ဟု ဦးမျိုးအောင်ကပြောသည်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပြီးပါ ကလည်း အတည်ပြုသတ်မှတ်ချက် လုပ်ခအပေါ် ခံစားခွင့်ရရှိမည့် အ လုပ်သမားအတန်းအစားကို သုံးပိုင်း ခွဲထားပြီး ကျွမ်းကျင်မှုမရှိသေးသည့် လုပ်သားတစ်ဦးသည် သင်တန်းသား အလုပ်သမားအဖြစ် လုပ်ငန်းခွင်စ တင်ဝင်ရောက်ပါက အနိမ့်ဆုံးလုပ်ခ ၏ ၅၀ ရာခိုင်နှုန်းကိုသာ ခံစားခွင့်ရှိ မည်ဖြစ်ပြီး အစမ်းခန့်လုပ်သားဖြစ် ပါက အနိမ့်ဆုံးလုပ်ခ၏ ၇၅ ရာခိုင် နှုန်းခန့်သာ ခံစားခွင့်ရရှိမည်ဖြစ်ကာ အဆိုပါသင်တန်းလုပ်သား၊ အစမ်း ခန့်လုပ်သားအဖြစ် ကျော်လွန်ကာ အမြဲတမ်းလုပ်သားအဖြစ် ခန့်အပ်ခံ ရမှသာ အနိမ့်ဆုံးလုပ်ခ၏ ၁၀၀ ရာ ခိုင်နှုန်းကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment