27.7.15

မြန်မာအမျိုးသားလေကြောင်းမှ ဟောင်ကောင် တိုင်ပေခရီးစဉ်များနိုဝင်ဘာတွင် စတင်မည်

 
 မြန်မာအမျိုးသား လေကြောင်း(MNA)မှ ဟောင်ကောင်နှင့် တိုင်ပေခရီးစဉ်ကို ယခုနှစ် နိုဝင်ဘာလတွင် စတင်ပျံသန်းသွားမည်ဟု သိရသည်။
အဆိုပါခရီးစဉ်ကို ယခုနှစ် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ် မံရောက်ရှိလာမည့် အမေရိကန်နိုင်ငံထုတ်Boeing 737-800 အမျိုးအစား လေယာဉ် ဖြင့် ပျံသန်းသွားမည်ဖြစ်သည်။
''ဒုတိယအကြိမ် ရောက်ရှိလာ မယ့်တ်Boeing လေယာဉ်နဲ့ နိုဝင်ဘာလမှာ ဟောင်ကောင်နဲ့ တိုင်ပေခရီးစဉ်ကို ပျံသန်း သွားမယ်''ဟု မြန်မာအမျိုးသား
လေကြောင်း မှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန်သန်း ထွန်းက ပြောသည်။

ယင်းဘိုးရင်း ၇၃၇ ဂျက်လေ ယာဉ်သစ်ကို မြန်မာအမျိုးသားလေကြောင်း လိုင်းမှ ကမ္ဘာ့အကြီးဆုံး လေယာဉ်ငှားရမ်း သည့် ကုမ္ပဏီဖြစ်သော GE Capital လေ ကြောင်းလိုင်းဝန်ဆောင်မှု (GECAS) ထံမှ လစဉ်ကြေးပေးကာ Boeing737-800 အ မျိုးအစားခြောက်စင်းနှင့်737-Max 8s အမျိုးအစား လေယာဉ်လေးစင်းတို့ကို ငှား ရမ်းထာခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်မှာ ဒေါ်လာ သန်း ၉၆ဝ တန်ဖိုးခန့်ရှိပြီး လေ ယာဉ်များကို တစ်နှစ်လျှင် နှစ်စင်းနှုန်းဖြင့် ၂ဝ၂ဝ ပြည့်နှစ်အထိ ပေးပို့သွားမည်ဖြစ်
ကြောင်း သိရသည်။

ယင်းကုမ္ပဏီထုတ်Boeing 737 -800 အမျိုးအစား လေယာဉ်တစ်စင်းမှာ
ယခုနှစ် ဇွန် ၁၅ ရက်တွင်ကနဦးအနေဖြင့် ရောက်ရှိခဲ့ပြီး အောက်တိုဘာလတွင် တစ် စင်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် မြန်မာအမျိုးသား လေ ကြောင်း လိုင်းအနေဖြင့် ပြည်တွင်းခရီးစဉ် ၂၆ ခုကို ပျံသန်းနေသော လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို ယခုနှစ် သြဂုတ် ၁၇ ရက်တွင် သြနငညါ ၇၃၇-၈ဝဝ အမျိုးအစား လေယာဉ်ဖြင့် မြန် မာအမျိုးသားလေကြောင်း၏ ပထမဆုံး နိုင် ငံတကာ ခရီးစဉ်အဖြစ် စတင်ပျံသန်းသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်း လိုင်းသည် လက်ရှိတွင် လေယာဉ်ကိုးစင်း ဖြင့်
ပြည်တွင်းရှိ ဒေသပေါင်း ၂၆ ခုသို့ ပျံ သန်းပေးနေသော လေကြောင်းလိုင်း တစ်ခု ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာ ခရီး စဉ်များကို
တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment