21.7.15

ရွေးကောက်ပွဲတွင် အတိုက်အခံပါတီအနိုင်ရလျှင်လည်း လက်ခံမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

 
လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက တရား နည်းလမ်းကျစွာ အနိုင်ရရှိပါက လက်ခံမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။


ဘီဘီစီသတင်းဌာနနှင့် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ရွေးကောက်ပွဲ၌ အတိုက်အခံ ဘက်မှ အနိုင်ရရှိပါက ရလဒ် အပေါ် တပ်မတော်အနေဖြင့် လက်ခံနိုင်မည်လားဆိုသည့် မေး ခွန်းကို ၎င်းက ‘‘ဘယ်သူရရ တရား နည်းလမ်းကျကျနဲ့ရတဲ့ Result မှန်သမျှ အကုန်လက်ခံပါတယ်’’ ဟု ပြန်လည်ဖြေကြားခဲ့သည်။

မကြာမီ ကျင်းပမည့် ရွေး ကောက်ပွဲသည် လွတ်လပ်မှုနှင့် မျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ် လာမည်ဟု ယုံကြည်ထားပြီး ထိုသို့ဖြစ်ပေါ်လာစေရန် တပ်မတော်က ဆောင်ရွက်ပေးနိုင် သော အခန်းကဏ္ဍမှ ကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ထား ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားခဲ့သည်။

‘‘ရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့  ဒီရလဒ်ကို ကြေညာလိုက်ပြီဆိုလို့ရှိရင်တော့ ကျွန် တော်တို့ လက်ခံရမှာပေါ့။  ဒါဟာ ဒီမိုကရေစီနည်းလမ်းကျကျလုပ်တဲ့ဟာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မဲပေးမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီရလဒ်အပေါ်မှာ တရားနည်းလမ်းကျစွာနဲ့ ထုတ်ပြန်ထားတဲ့ အဖြေအပေါ်လည်း လက်ခံမှာပဲ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။ထိုသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရွေးကောက်ပွဲ တရားမျှတမှု ရှိရေးကူညီဆောင် ရွက်ပေးမည်ဟု ထုတ်ဖော်ပြော ကြားလာခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအသိုင်းအ၀ိုင်းက ထောက်ခံကြိုဆိုခဲ့ကြပြီး စောင့်ကြည့်သွားရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှုများ ရှိနေသည်။

‘‘နှုတ်အားဖြင့် ပြောကြား ချက်ကတော့ အလားအလာ ကောင်းတယ်လို့ ပြောလို့ရတယ်။ လက်တွေ့ဆောင်ရွက်မှု ရှိဖို့တော့လိုသေးတာပေါ့။ အပြောနဲ့ အ လုပ်တစ်ထပ်တည်းကျရင် အ ကောင်းဆုံးဖြစ်မှာပါ’’ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်း က ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်၏ ရပ်တည်ချက်မှာ ပြည်သူနှင့်တစ်သားတည်း ရှိနေ ရန် လိုအပ်ပြီး အာဏာလွှဲမှုတွင် လည်း ပြည်သူဘက်မှ ရပ်တည်၍ ယုံကြည်မှု ပြန်လည်တည် ဆောက်နိုင်ရန် အကောင်းဆုံးအ ချိန် ဖြစ်သည်ဟု ၎င်းကသုံးသပ် သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ တရား မျှတမှုရှိရန် ကူညီပေးမည်ဆို သည့်အပေါ် လက်ခံကြိုဆိုသော် လည်း ကနဦးအနေဖြင့် တပ်တွင်း စည်းရုံးရေး အပိုင်းနှင့် ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာမှု အပိုင်း ဆိုင်ရာကိစ္စများကို ဦးစွာ ခွင့်ပြုပေးရန် လိုသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

‘‘တပ်မတော် အကြီးအကဲ တစ်ယောက်က ဒီလိုပြောလာတာ ၀မ်းသာစရာ ကောင်းပါတယ်။ ကူညီမယ်ဆိုရင်လည်း ပထမဆုံး တပ်တွင်းမဲပေးမှုတွေ ပွင့်လင်း မြင်သာမှုရှိအောင် စောင့်ကြည့် လေ့လာမှုတွေ လုပ်တာ လက်ခံ ပေးဖို့ လိုတယ်။ ဒါ့အပြင် မဲဆွယ် ခွင့်တွေပေးဖို့ အခက်အခဲရှိရင် တောင်ပါတီအကြောင်း ပန်းဖ လပ်တွေ ဝေငှနိုင်အောင် ခွင့်ပြုပေးဖို့ လိုပါတယ်။ ဒါမှ မဲပေးရ မယ့်သူက ပါတီတွေအကြောင်း သိရမှာပါ။ မဲထည့်ရမယ့်အချိန် ကျမှ ဘယ်သူမှန်းမသိလိုက်ဘဲ မဲ ပေးလိုက်ရတာမျိုးက မဖြစ်သင့် ဘူး’’ဟု ၎င်းကမှတ်ချက်ပြုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လာမည့်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ​ သက်ရောက်မှုရှိနေသည့် နယ် မြေများ၌ အနည်းငယ်ဂရုစိုက် ရန်နှင့် မှန်မှန်ကန်ကန်ဖြစ်ရန် လိုအပ်သည်ဟု သတိပေးပြောကြား ခဲ့သည်။

Credit to>>> 7 Day Daily

0 comments:

Post a Comment