21.7.15

ငြိမ်းချမ်းရေး မရသေးပါက နိုင်ငံရေးမှ ထွက်ခွာရန် ခက်ခဲနိုင်ဟု တပ်ချုပ်ပြော

လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ မပြီးပြတ်သေးပါက တပ် မတော်အနေဖြင့် နိုင်ငံရေးလုပ် ငန်းစဉ်မှ ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနိုင်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။


BBC သတင်းဌာနနှင့် အင် တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ‘‘လက်နက်ကိုင်အ ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် မပြီးပြတ်သေးခင် ကျန်ရှိ နေမည်ဆိုပါက တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်မှနေ၍ ပြန်လည်ထွက်ခွာရန် အစီအစဉ် မဖြစ်နိုင်ဟု ဆိုလိုပါသလား’’ ဟု ဆိုသည့် မေးမြန်းမှုကို အခက်အခဲ အနည်းငယ် ရှိသေးကြောင်းထည့်သွင်းဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ‘‘အဲဒီတော့ NCA လက်မှတ်ထိုးပြီးပြီ။ ပြီးလို့ ရှိရင် Policital Dialouge က နေသွားမယ်။ ပြီးလို့ရှိရင် အဲဒါကို အကုန်လုံး ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ သဘောတူညီတယ် ဆိုရင် အာမခံချက်တစ်ခု ကျွန်တော်တို့ရတယ်။ ပြီးရင် ကိုင်ထားတဲ့ လက်နက်တွေ အားလုံးကို လက်နက်တွေစွန့်တဲ့အထိ ကျွန်တော်တို့ သွားရမယ်။ ဒါမှမဟုတ်လို့ ရှိရင်လည်း ကျွန်တော်တို့ပြောကြတဲ့၊ ငြိမ်းချမ်းရေးပေါင်းစည်းခြင်းလို့ ပြောကြတဲ့ DDR လုပ်ငန်းစဉ်တွေ မဖြစ်မနေ သွားရမယ်။ ဒီလိုသွားပြီးတော့ တိုင်းပြည်က ပြည်သူလူထုအတွက် အာမခံချက်ရှိပြီဆိုလို့ ရှိရင်တော့ တပ်မတော်အနေနဲ့ကလည်း သူရှိသင့်ရှိထိုက်တဲ့နေရာမှာပဲ ရှိမယ်ဆိုတာ ကျွန်တော် အာမခံပြောနိုင်ပါတယ်။ ဒါပေမဲ့ အချိန်သတ်မှတ်ဖို့ ဆိုတာကတော့ ခုနပြောတဲ့ အခြေအနေတွေ ဘယ်လောက်ထိ တိုးတက်မှုရှိပြီဆိုတာပေါ် မူတည်လိမ့်မယ်။ ၅ နှစ်ဖြစ်ရင်ဖြစ်မယ်။ ၁၀ နှစ်ဖြစ်ရင်ဖြစ်မယ်။ ဒါကတော့ ပြောလို့မရဘူး’’ ဟု ထည့်သွင်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်စာ ချုပ်(NCA)ကို လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဆွေးနွေးရာတွင် တပ်မတော် အပါအဝင် အစိုးရဘက်မှ DDR ဆိုသည့် စစ်မှုထမ်းမှ နုတ်ထွက် ချိန် လက်နက်ဖြုတ်သိမ်းရေး၊ အ ရပ်သားအဖြစ် ပြန်လည်ပေါင်း စည်းခြင်းနှင့် ပြန်လည်နေရာချ ထားရေးဆိုသည့် လမ်းစဉ်ကို စွဲ ကိုင်ထားပြီး တိုင်းရင်းသားများ ဘက်ကမူ SSR ဆိုသည့် လုံခြုံရေး ကဏ္ဍနှင့် စစ်တပ် ပြုပြင်ပြောင်းလဲမှု ဆိုသည့်မူကို စွဲကိုင်ထားသည်။

 ရှမ်းပြည်  ပြန်လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/SSA)အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလှက ဆွေးနွေးပြောဆိုချက် များရှိသော်လည်း ပဏာမအဆင့် သဘောတူထားသည့် အပစ်ရပ်မူ ကြမ်းစာချုပ်(NCA)တွင် DDR မပါဝင်ကြောင်း ပြောသည်။

‘‘နိုင်ငံရေးပြဿနာကို ဖြေ ရှင်းပြီးတော့ အားလုံးပြေလည်ရင်  တိုင်းရင်းသားလက်နက်ကိုင်အင် အားစုတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးမှာ ပါဝင်ဆောင်ရွက်သင့်တယ်လို့ သဘောတူထားတယ်လို့ပဲ နားလည်ပါတယ်’’ဟု ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်း ရေးဖြစ်စဉ် မရှိတော့သည့် အ တွက်ကြောင့် NCA လက်မှတ်ရေး ထိုးရန် နှောင့်နှေးနိုင်သည့်အ ကြောင်းများကို မပြုလုပ်သင့်တော့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

DDR အပေါ်တွင် အစိုးရ ဘက်မှ ဖိအားပေးမည်ဆိုပါက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိ ခိုက်လာနိုင်ကြောင်းလည်း RCSS /SSA အတွင်းရေးမှူးက သုံးသပ် သည်။

ဖိအားပေးရင်တော့ NCA မှာ နှောင့်နှေးနိုင်တယ်။ ဆွေးနွေး ကြည့်ကြမှပဲ သိမှာပေါ့’’ဟု ၎င်းကဆိုသည်။

NCA အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန် အစိုးရနှင့်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ဇူ လိုင် ၂၂ ရက်တွင် ရန်ကုန်မြို့၌ ဆွေးနွေးကြမည်ဖြစ်သည်။
Credit to>>>7 Day Dily

0 comments:

Post a Comment