20.7.15

ပြည်သူများအတွက် မှန်ကန်သောအုပ်ချုပ်ရေးစနစ် ထူထောင်ပေးလို၍ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံတွင်ပြည်သူ များအတွက် မှန်ကန်သော အုပ်ချုပ်ရေးစနစ် တစ်ရပ် ထူထောင် ပေးလိုသောကြောင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခြင်းဖြစ် ကြောင်း (၆၈) နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။


‘‘ပြည်သူတွေကို မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုထူထောင် ပေးတဲ့နည်းနဲ့ အကျိုးပြုချင်ပါ တယ်။ ဒီလိုအကျိုးပြုချင်လို့ ကျွန် မတို့ဟာ ရွေးကောက်ပွဲကို ၀င်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်’’ဟု ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ဇူလိုင် ၁၉ ရက်ကပြုလုပ်သော (၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေးသည်အမှန်တကယ်ပြောင်းလဲမှသာ တိုးတက်မှု ရှိမည်ဖြစ်ပြီး ပြောင်းလဲချင်ယောင်ဆောင်သည့် ပုံစံမျိုးဖြင့်သာ ဆက်လက်သွားနေမည်ဆိုပါက ပြည်သူများသည် ဆက်လက်ဆင်းရဲနေ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကျဆုံးသွားသော အာဇာ နည်ခေါင်းဆောင်များတွင် ချမ်းသာကြွယ်ဝသူများ မရှိဘဲ ပြည်သူ တို့၏ ချမ်းသာကြွယ်ဝမှုသည် ၎င်း တို့၏ ချမ်းသာကြွယ်ဝမှုဟု ခံယူ ကာ တိုင်းပြည်အတွက် ကိုယ်ကျိုး မဖက်ဘဲ လုပ်ဆောင်သွားသူများ ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအနေဖြင့်အာဇာနည် များထားရှိသော စိတ် ဓာတ်များအတိုင်း လိုက်နာဆောင် ရွက်ကြစေလို ကြောင်းဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

‘‘ကျွန်မတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေဆိုပြီး ဖြစ်ရ ပါမယ်။ ကျွန်မတို့ ဟာ အင်အားရှိ လေ ကျွန်မတို့တစ်ဦးချင်း ချမ်း သာလေဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ပု ဂ္ဂိုလ်တွေတော့ အခုကတည်းက အဖွဲ့ချုပ်အနားမကပ်ပါနဲ့လို့ မေ တ္တာရပ်ခံ ပါရစေ’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဇူလိုင် ၁၉ ရက်တွင် ရန်ကုန် မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သော (၆၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ သည် ပြု ပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရ မည့်အချိန်တန်ပြီဖြစ်၍အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေး ကောက်ပွဲတွင် မဲပေးရန် အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အပြတ်အသတ်အ နိုင်ရရှိရန် ဆန္ဒမဲ တစ်ခဲနက်ပေး ရေးကိုလည်း(၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ထုတ်ပြန်သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကြေညာချက်၌ထည့်သွင်းဖော်ပြထားသည်။

ယခုလ ၁၁ ရက်က နေပြည် တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြု လုပ်သော သတင်း စာရှင်းလင်းပွဲ၌ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
Credit to>>>Myanmar International News

0 comments:

Post a Comment