17.7.15

ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ရတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ အဲဒီကိုနေ့တိုင်းရောက်နေသလိုလိုနဲ့

Eleven မီဒီယာ CEO ဦးသန်းထွဋ်အောင်နှင့် ကုံးသီး ၆ လုံးဇာတ်လမ်းသည့် ကုက္ကိုင်း KTV မှအစပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်
Eleven Media Group CEO ဦးသန်းထွဋ်အောင် စီးနင်းလာသောကားအား ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် လူ ၅ဦးခန့်က လောက်လေးဂွတွင်စက်ဘီး ကုံးသီး ထည့်၍ ပစ်ခတ်ခဲ့ရသည်ဟုသိရှိရသည်။
အဆိုပါပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ဦးသန်းထွဋ်အောင်က Eleven Media Group ၏ ကိုယ်ပိုင်ဖေ့ဘွတ် စာမျက်နှာ ပေါ်တွင် ယခုကိစ္စသည် နိုင်ငံရေးလုပ်ကြံမှုတစ်ခုဖြစ်ကြောင်းထုတ်ဖော်ရေးသားခဲ့ပြီး သူ့အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကိုအရမ်းစိုးရိမ်မိပါကြောင်း ဟူ၍လည်း မဆီမဆိုင်ပြောဆိုခဲ့သဖြင့် ပြည်သူအများက လှောင်ပြောင်ရယ်မော ခဲ့ကြပြီး ဦးသန်းထွဋ်အောင်အား Social Network မှတစ်ဆင့် ၀ိုင်းဝန်းဝေဖန်ရှုတ်ချခဲ့ ကြကြောင်းတွေ့ရှိရသည်။
ယခုအခါတွင် ဦးသန်းထွဋ်အောင်အား လေးဂွဖြင့်ပစ်ခတ်ခဲ့သူများအနက်မှ ၂ ဦးအား ရဲတပ်ဖွဲ့က အချိန်မီဖမ်းဆီးနိုင် ခဲ့ပြီး လူမှုကွန်ယက် များတွင် ထွက်ပေါ်လာသော သတင်းများအရ ဦးသန်းထွဋ်အောင်အနေဖြင့် ယခုလို လေးဂွဖြင့် ပစ်ခတ်ခံရခြင်းမှာ ကုက္ကိုင်းအနီးရှိနာမည်ကျော် KTV တစ်ခုမှစခဲ့သည့် ပြဿနာတစ်ခုကြောင့်ဖြစ်နိုင်သည်ဟု သိရှိရသည်။
ဦးသန်းထွဋ်အောင်အနေဖြင့်အဆိုပါ KTV သို့မကြာခဏသွားရောက်လေ့ရှိကြောင်း၊ KTV တွင်လည်း ၎င်းလာရောက်တိုင်း အဖော်ပြုပေးရသည့် ပင်တိုင်အမျိုးသမီးငယ်တစ်ဦးရှိကြောင်း၊ လွန်ခဲ့သောရက်သတ္တပါတ်ခန့်က ဦးသန်းထွဋ်အောင် အဆိုပါ KTV သို့သွားရောက်စဉ် အမျိုးသမီးငယ်ကအားလပ်မှုမရှိဘဲ အခြားဧည့်သည်တစ်ဦးအား အဖော်ပြုပေးနေသဖြင့် လွန်စွာစိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း၊ KTV Room အတွင်းမှ အမျိုးသမီးငယ်ကို အခန်းပြင်သို့ဆွဲထုတ်၍ ဆူပူ ကြိမ်းမောင်းခဲ့ကြောင်း၊ မန်နေဂျာကတောင်းပန်၍သာ ပြဿနာမဖြစ်ခဲ့သော်လည်း အခန်းအတွင်းမှ ဧည့်သည်နှင့် ကတောက်ကဆဖြစ်ခဲ့ကြောင်း၊ အဆိုပါဧည့်သည်မှာလည်း နာမည်ကြီးကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးဖြစ်ကြောင်း၊ ၎င်းမန်နေဂျာမှာ ဒေါပုံမြို့နယ်ရှိ လူမိုက်ဂိုဏ်းများနှင့် အဆက်အသွယ်ရှိသူတစ်ဦးဖြစ်ကြောင်း၊ အဆိုပါ ပြဿနာဖြစ်ပြီးနောက်ပိုင်းတွင် ဦးသန်းထွဋ်အောင်အနေဖြင့် ယခုလို လေးဂွဖြင့်အပစ်ခံရသည်မှာ စပ်ဆက်မှုရှိနေနိုင် ကြောင်း စသည်ဖြင့် လူမှုကွန်ယက်များပေါ်တွင် အတည်မပြုသေးနိုင်သော သတင်းများထွက်ပေါ်လာခဲ့သည်။
ယခုအခါတွင် ဦးသန်းထွဋ်အောင်အနေဖြင့် လေးဂွနှင့်အပစ်ခံရခြင်းအပေါ် အလွန်အမင်း ကြောက်ရွံ့လျက်ရှိ နေကြောင်း သိရပြီး ဖမ်းမိခံထားရသူများ ကိုလည်းပုဒ်မပြောင်း၍တရားစွဲဆိုရန်ကြိုးပမ်းလျက်ရှိနေသည်။
လူမှုကွန်ရက်ရှိ ပြည်သူ အများကလည်း ဦးသန်းထွဋ်အောင်ယခုလို လေးဂွနှင့်အပစ်ခံရခြင်းမှာ ဘယ်သူမပြုမိမိမှုဖြစ်ကြောင်း၊ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာခြင်းဖြစ်ကြောင်း ဝေဖန်လျက်ရှိနေကြပြီး လေးဂွနှင့်ပစ်ခံရခြင်းကို နိုင်ငံတော်လုပ်ကြံမှု ဟု အမည်တပ် ခဲ့သည့် ဦးသန်းထွဋ်အောင်အား ဦးနှောက်စစ်ဆေးရန်လိုအပ်သည်ဟူ၍လည်း မျိုးသားလွှတ်တော်အမတ်တစ်ဦးက ပျက်ရယ်ပြုမှတ်ချက်ပေးခဲ့သည်။
နောက်ဆက်တွဲ သတင်းများအရ ဦးသန်းထွဋ်အောင်အနေဖြင့် ကုံးသီးနှင့် အပစ်ခံရခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား မြောက်ဥက္ကလာ ရဲစခန်းတွင် စစ်ဆေးချက်အရ ဦးသန်းထွဋ်အောင်မှာ KTV အမျိုးသမီးငယ်တစ်ဦးအား ငွေကြေးများပုံအောပေးကာ စည်းရုံးသိမ်းသွင်းခဲ့ခြင်းအပေါ် ကာယကံရှင် အမျိုးသမီးငယ်နဲ့ သက်ဆိုင်သူများက မကျေနပ်သဖြင့် အခုလို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တရားခံများက ထွက်ဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
Credit to : Myint Wai

0 comments:

Post a Comment