17.7.15

နေပြည်တော်မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို သူရဦးရွှေမန်းကိုယ်တိုင် ရွေးချယ်နေ

နပြည်တော် ကောင်စီနယ်မြေအတွင်း မဲဆန္ဒ နယ်များတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စား လှယ်လောင်းရွေးချယ်ရေးကိစ္စ ရပ်များကို ပါတီဥက္ကဋ္ဌသူရဦးရွှေ မန်းကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်နေကြောင်း သတင်းရရှိသည်။



မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့ တော်ဖြစ်သော နေပြည်တော် ကောင်စီနယ်မြေရှိ မြို့နယ် ရှစ်မြို့နယ်တွင် မဲဆန္ဒနယ် ၁၀ ခုအတွက်လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း၊ ရွေးကောက်ပွဲဆိုင် ရာ အောင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်းအစရှိသည်တို့ကို ပါတီဥက္ကဋ္ဌကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောသည်။

‘‘နေပြည်တော်မှာ ဘယ်သူ တွေပြိုင်မယ်ဆိုတာ မသိသေး ဘူး။ လောလောဆယ်က လျာ ထားတဲ့ သဘောပဲရှိသေးတယ်။ အတည်ပြုတာကမထွက်သေး ဘူး။ နောက်ပြီး ဒီမဲဆန္ဒနယ်တွေ က ဥက္ကဋ္ဌကြီးကိုယ်တိုင်ကိုင်နေ တာ။ တခြားပြည်နယ်နဲ့ တိုင်းတွေ ကတော့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းတာဝန်ခံတွေက ကိုင်တွယ် တာပေါ့’’ဟု ဦးလှမြင့်ဦးက ပြော သည်။

မိမိကိုယ်တိုင်ကမူ အသက် အရွယ်ကြီးမြင့်နေပြီဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အနား ယူတော့မည်ဖြစ်ကြောင်း ယခင် အစိုးရလက်ထက်က ၀န်ထမ်းရွေးချယ်ရေးလေ့ကျင့်ရေးအဖွဲ့ဝင် (ဒုဝန်ကြီးအဆင့်)အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ပျဉ်းမနားမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းအနေဖြင့် လာမည့် ရွေး ကောက်ပွဲတွင် လက်ရှိမဲဆန္ဒနယ် ဖြစ်သော ဇေယျာသီရိမဲဆန္ဒနယ် ကပင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းများထွက် ပေါ်နေပြီး ယင်းမဲဆန္ဒနယ်မှ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုပါက တပ်မတော်သားအများစု ရှိနေသော အဆိုပါနေရာ၌ အနိုင် ရရှိရေးမှာ မသေချာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ် မြေရှိ မဲဆန္ဒနယ်များ၌ ယခင်အစိုးရလက်ထက် ထိပ်သီးပုဂ္ဂိုလ်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သမ္မတအပါအ၀င် အစိုးရအဖွဲ့သို့ ရောက်ရှိသွားသဖြင့် လစ်လပ်သော မဲဆန္ဒနယ် လေးခုအတွက် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီမှ လူငယ်ကိုယ်စားလှယ်များက အနိုင်ရရှိခဲ့သည်။
 Credit to>>>7 Day Daily

0 comments:

Post a Comment