17.7.15

Windows 10 ကို USB drive များဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း Microsoft အတည်ပြု


Microsoft အနေဖြင့် Windows 10 ကို USB drive များဖြင့် ရောင်းချဖွယ်ရှိကြောင်း မကြာသေးမီက ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါတွင် Amazon ဆိုက်၌ Microsoft Windows 10 ကို USB drive များဖြင့် ရောင်းချမည့် ဈေးနှုန်းများ ထွက်ပေါ်လာခဲ့သည်။


Amazon ဆိုက်တွင် USB drive ဖြင့် ရနိုင်မည့် Microsoft Windows 10 Home အတွက် ၁၂၀ ဒေါ်လာဖြင့် လည်းကောင်း၊ Microsoft Windows 10 Pro ကို ဒေါ်လာ ၂၀၀ ဖြင့်လည်းကောင်း ရောင်းချမည်ဟု ဖော်ပြထားသည်။

ထို့အပြင် Microsoft မှ ပြောရေးဆိုခွင့် ရှိသူကလည်း Windows 10 ကို USB drive ဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း အတည်ပြု ပြောကြားခဲ့သောကြောင့် Windows 10 ကို USB stick ဖြင့် ဝယ်ယူသူများ အနေဖြင့် DVD drive ရှိရန်မလိုဘဲ OS အသစ်ကို install လုပ်နိုင်တော့မည်ဖြစ်သည်။

၎င်းက “Windows 10 ကို မိတ်ဆက်ပြီး မကြာခင်မှာ လက်လီအရောင်းဆိုင်တွေကနေ USB drive တွေနဲ့ ဝယ်ယူနိုင်ပါလိမ့်မယ်။ အမေရိကန်မှာ ရောင်းချတဲ့ Windows 10 လက်လီဈေးနှုန်းဟာ Windows 8.1 ရဲ့ဈေးနဲ့ တူပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ Windows 10 USB drive များကို Amazon အပြင် Microsoft Store နှင့် အခြား လက်လီအရောင်းဆိုင်များမှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ USB drive များ ဝယ်ယူနိုင်မည့် အချိန်ကာလကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။
Credit to>>>INTERNET Journal

0 comments:

Post a Comment