20.7.15

“ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွှန်ဆုများ ပေးအပ်ချီးမြှင့်”


ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်မှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀း၀၀)နာရီ အချိန်က ပူတာအိုမြို့ရှိ ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ ပူတာအိုခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ နှင့် တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်း အမှူဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ ပူတာအိုခရိုင်ရှိ ရပ်မိရပ်ဖများနှင့် ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အောင်ချက် (၈၃.၇၂) ရာခိုင်နှုန်းထိ အောင်မြင်ခဲ့သည့် ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်ကို ချီးကျူးဂုဏ်ပြု စကားပြောကြားခဲ့ပြီး ပူတာအိုခရိုင် ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး၊ လူမှုရေးများအပါအ၀င် ရေအားလျှပ်စစ် ရရှိရေးအတွက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ထူးဖောင်ဒေးရှင်းအား ကျေးဇူးတင်ပါကြောင်း ဆိုခဲ့သည်။
ထို့နောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ထူးကုမ္ပဏီ၊ စိုက်ပျိုးရေးဌာနမှ အမှူဆောင်ဒါရိုက်တာ ဦးမျိုးထွန်းက ထူးချွှန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား နာယက ဦးတေဇကိုယ်စား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အမှူဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးက ထူးဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက် လုပ်ဆောင်မည့်ကို အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်မှ (၂)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၂၆)ဦး၊ ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ (၄၅)ဦးနှင့် သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများကို တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနား နောက်ဆုံးအစီအစဉ်အဖြင့် ပညာရည်ချွန်ဆု ရရှိခဲ့သည့် နောင်မွန်းမြို့နယ်၊ ရပ်ကွက်(၅)တွင် နေထိုင်သော (၂)ဘာသာ ဂုဏ်ထူးရှင် မမဘုန်ကန်ဇိဆိန်းမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ ပညာရည်ချွန်ဆု ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
Credit to >>> Htoo Foundation

0 comments:

Post a Comment