24.7.15

အားလပ်ရက်မှာ လည်ပတ်စရာ စစ်ကိုင်း နှစ်(၇၀၀) ပြည့်ပွဲတော်

အညာဒေသမြို့တွေထဲမှာ အေးချမ်းတိတ်ဆိတ်ပြီး သူတော်စင် များ ပျော်မွေ့ရာ စစ်ကိုင်းမြို့ကြီးကတော့ နှစ် (၇၀၀)ပြည့်ခဲ့ပါပြီ။ လာမယ့် ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ စစ်ကိုင်း နှစ် (၇၀၀)ပြည့်ပွဲတော်ကြီးကို စည်စည်ကားကားနဲ့ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။


ပွဲတော်စတင်ကျင်းပမယ့် ဇူလိုင် ၂၆ ရက် မနက် ၆ နာရီမှာ စစ်ကိုင်းမြို့ကို တည်ထောင်ခဲ့တဲ့ အသင်္ခယာစောယွမ်းမင်းကြေးရုပ်တုကို စစ်ကိုင်းမြို့ အိုးဘိုအဝိုင်းပတ်မှာ စိုက်ထူဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မနက် ၈ နာရီမှာတော့ ခရိုင်အားကစားကွင်းကြီးထဲမှာ နှစ် (၇၀၀)ပြည့် ပွဲတော်ဖွင့်ပွဲကို ခမ်းခမ်းနားနား ပြုလုပ်မှာဖြစ်ပါတယ်။ မနက် ၁၀ နာရီမှာ သံဃာတော်အပါး ၇၀၀ ကို ဆွမ်းကပ်မှာဖြစ်ပြီး နေ့ခင်းပိုင်းကစလို့ ပျော်ပွဲရွှင်ပွဲတွေ စတင်တော့မှာပါ။

ခေါင်းအုံးရိုက်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ စတဲ့ မြန်မာ့ရိုးရာကစားပွဲတွေလည်း ပါဝင်မှာပါ။ ညပိုင်းမှာတော့ စစ်ကိုင်းနဲ့ ဆွေမျိုးမကင်းတဲ့ မန္တလေးက မြို့မအပျော်တမ်းတူရိယာ အသင်းကြီးက ဖျော်ဖြေပေးမှာပါ။ ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီမှာတော့ စစ်ကိုင်းမြို့တော်ခန်းမမှာ စစ်ကိုင်းမြို့မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်အသီးသီးက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပဒေသာကပွဲအစီအစဉ်ရှိပါမယ်။ ဇူလိုင် ၂၇ နဲ့ ၂၈ ရက်ညပိုင်းတွေမှာတော့ ခရိုင်အားကစားကွင်းမှာ ရွှေမန်းသဘင်နဲ့ တခြားသဘင်အနုပညာရှင်များရဲ့ အသင်္ခယာစောယွမ်းမင်းပြဇာတ်ကြီးကို ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

နောက်တစ်နေ့ ဇူလိုင် ၂၉ ရက်မှာ ခေတ်ပေါ် အဆိုတော်များရဲ့ ဖျော်ဖြေမှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ပွဲတော်စတင်ကျင်းပတဲ့နေ့ ကစလို့ စစ်ကိုင်းရတနာပုံတံတား အဆင်းကနေ ကောင်းမှုတော် ဘုရားအထိ လမ်းတစ်လျှောက်မှာ မြန်မာ မုန့်တွေ၊ အအေးတွေ၊ ထမင်းဟင်းတွေကို နေ့တိုင်း စတု ဒိသာကျွေးမှာဖြစ်ပါတယ်။ စစ် ကိုင်းဒေသထွက် လက်မှုပစ္စည်း တွေကိုလည်း အရောင်းပြခန်း တွေဖွင့်ပြီး ရောင်းချပေးမှာပါ။

ပွဲတော်မှာ လည်ပတ်ပြီးပြီ ဆိုရင် စစ်ကိုင်းမြို့ရဲ့ တခြားလည်ပတ်စရာ နေရာတွေလည်းရှိပါ သေးတယ်။ စစ်ကိုင်းတောင်ပေါ် က ဆွမ်းဦးပုညရှင်စေတီတို့၊ ဥမင်သုံးဆယ်တို့ ဘုရားစေတီတွေ အပြင် တောင်ပေါ်မှာ တခြားစိတ်

ဝင်စားဖွယ်ကောင်းတဲ့နေရာတွေ က တစ်နေကုန်လည်ရင်တောင်မနှံ့နိုင်ပါဘူး။ တရုတ်စံကားပန်းနံ့မွှေးမွှေးရယ်၊ စစ်ကိုင်းတောင်ပေါ်က သစ်ပင်စိမ်းစိမ်းစိုစိုရယ်၊ အရှေ့ဘက်က ရေတွေတိုးပြီး ဧရာဝတီ မြစ်ပြင်ကျယ်ကြီးတွေရယ်က သင့်စိတ်ကို ကြည်နူးစေမှာပါ။

တောင်ပေါ်ကိုလည်လို့ အား ရရင် မင်းကွန်းဘက်လည်း ခြေဦး လှည့်လို့ရပါသေးတယ်။ အရှေ့ ဘက်မှာဆို ဧရာဝတီမြစ်၊ အ နောက်ဘက်မှာဆို မင်းဝံတောင် တန်းကြီး ကာရံလို့ လမ်းအနိမ့် အမြင့် အကွေ့အကောက်တွေ ကြား မင်းကွန်းသွားရတာ ပျော် စရာကောင်းလှပါတယ်။ မင်းကွန်း မရောက်ခင် ခိုတောင်ရွာက နာ မည်ကျော် ခိုတောင်မုန့်တီလေး တော့ ဝင်စားခဲ့ကြဦး။ အဆာပြေ လေးပေါ့။

နောက်ပြီး ကောင်းမှုတော် စေတီဘက်လည်း သွားလည်လို့ ရပါသေးတယ်။ မိတ်ဆွေတွေ အတွက် သနပ်ခါးတုံး လက် ဆောင်ဝယ်လို့ရတယ်။ အရိပ်အာ ဝါသကောင်းလှတဲ့ အပင်ကြီးတွေ အောက်မှာ ခဏနားလို့ရတယ်။

ညဘက်ကျရင်တော့ စစ် ကိုင်းတံတား (ရတနာပုံတံတား) ပေါ် မြင်ကွင်းက သိပ်ကိုလှတာ ပါ။ ဧရာဝတီမြစ်ထဲက ဖြတ်တိုက် လာတဲ့လေတွေက လူရောစိတ်ပါ လန်းဆန်းသွားစေနိုင်ပါတယ်။ တံတားရဲ့တောင်ဘက်မှာဆို စစ် ကိုင်းတံတားဟောင်းကြီးက တည် တည်ငြိမ်ငြိမ် ခံ့ခံ့ထည်ထည်နဲ့ တည်ရှိနေတာ တွေ့ရမယ်။ အင်းဝမြို့ဟောင်းကတော့ အမှောင်ထဲမှာ အိပ်မောကျနေပြီပေါ့။ တံတားရဲ့ အနောက်ဘက်မှာ တော့ မီးရောင်တလက်လက် တောက်ပနေတဲ့ စစ်ကိုင်းတောင် ကြီးက နတ်ဘုံနတ်နန်းအလား တည်ရှိနေတယ်။ အရှေ့ဘက်မှာ ရွှေကြက်ကျစေတီမှာလည်း မီး ရောင်တဝင်းဝင်းနဲ့ သပ္ပာယ်လို့။ စစ်ကိုင်းတောင်နဲ့ ရွှေကြက်ကျ စေတီက မီးရောင်တွေ ဧရာဝတီ မြစ်ပြင်ထဲကျရောက်တော့ မြစ် ရေက အရောင်တလက်လက် တောက်ပနေတယ်။ တစ်နေကုန် ကူးချည်သန်းချည်သွားလာနေရ တဲ့ သင်္ဘောတွေကတော့ ရွှေ ကြက်ယက်ဆိပ်ကမ်းမှာ ဆိုက် ကပ်ပြီး အနားယူကုန်ကြပြီလေ။

တစ်ခု သတိထားရမှာက တော့ တံတားပေါ်မှာ ဘယ်ယာဉ် မှရပ်ခွင့်ပေးမထားပါဘူး။ သွား ရပ်လိုက်ရင် အန္တရာယ်များပါ တယ်။ ဝင်တိုက်ခံရနိုင်ပါတယ်။ ဒါကြောင့် တံတားပေါ်တက်မယ် ဆို ယာဉ်ကိုစိတ်ချရတဲ့နေရာမှာ သေချာရပ်ပြီး လူသွားလမ်းသီး သန့်ပေးထားတဲ့လမ်းကနေ သွား ရောက်ရှုစားမယ်ဆိုရင် ရပါ တယ်။

စစ်ကိုင်း တံတားပေါ်က ဆင်းပြီးရင် စစ်ကိုင်းကန်ပတ် လမ်းမှာလည်း သွားရောက်လည် ပတ်လို့ရပါတယ်။ သစ်ပင်ကြီး တွေအုံ့ဆိုင်းနေတဲ့ စစ်ကိုင်းကန် ပတ်လမ်းမှာ အအေးဆိုင်လေး တွေ၊ အကင်ဆိုင်လေးတွေ၊ အသုပ်စုံ ဆိုင်လေးတွေ၊ လက် ဖက်ရည်ဆိုင်လေးတွေဖွင့်ထားပါ တယ်။ ဧရာဝတီနဲ့ စစ်ကိုင်းတံ တားကြီးနှစ်စင်းကို ငေးမောရင်း အေးအေးဆေးဆေး စားလို့ သောက်လို့ရပါတယ်။

စစ်ကိုင်းမှာက တည်းခိုခန်း တွေ၊ ဟိုတယ်တွေပေါပါတယ်။ ဈေးလည်း မများလှပါဘူး။ မန္တလေးမှာတည်းပြီးလာမယ်ဆို ရင်လည်း အလွန်ဆုံး နာရီဝက် တောင်မကြာပါဘူး။ မြို့တစ်မြို့ ရဲ့ ရာပြည့်ပွဲဆိုတာ ကြုံတောင့် ကြုံခဲပါ။

ဒါကြောင့် စစ်ကိုင်းမြို့ တည်နန်းတည် နှစ် (၇၀၀)ပြည့်ပွဲ ကြုံတုန်းလေး ဝင်နွှဲဖို့ ဒီတစ်ပတ်မှာ လည်ပတ်စရာအဖြစ် ညွှန်းဆို လိုက်ပါတယ်။          ။
Credit to>>>7 Day Daily

0 comments:

Post a Comment