24.7.15

သမ္မတ အကြံပေးဟောင်းပါတီမှ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်မည်


 နိုင်ငံတော် သမ္မတအကြံပေးဟောင်းဖြစ်သည့် ဒေါက်တာ နေဇင်လတ် တည်ထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒ နယ် ၃ဝဝ ခန့်တွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပါတီအနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အားလုံး၌ ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တိုင်းရင်းသားအများစုရှိသည့် ပြည်နယ်များတွင် အချို့ ပြည်နယ်များ၌သာ ယှဉ် ပြိုင်သွားမည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုမှ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ''အပြိုင်အဆိုင်တွေက များကြတော့ ဘယ်တိုင်းမှာ ဘယ်နှနေရာလို့ ဆိုတာတွေတော့ အတိ အကျ မပြောပါရစေနဲ့။ အဲဒါ ခက်တယ်။ အခြား ပါတီတွေ မေးလည်း သိပ်ပြောမယ် မထင်ဘူး။ အဲဒီတော့ အဲဒါ ခြုံပြီးတော့ ပြောမယ်ဆိုရင် ရာဂဏန်းကို တော်
တော်များများကျော်လိမ့်မယ်။ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ ဦးစားပေးတဲ့အတွက် မဝင်ဘူး။ တချို့ ပြည်နယ်တွေမှာဝင်မယ်။ တိုင်းကတော့ အကုန်ဝင်မယ်'' ဟု အမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ရွေးကောက်ပွဲ ပြိုင်မည့်နေရာများနှင့် ပတ်သက်ပြီး ပြောသည်။

ထို့ပြင် ပါတီမှ ထိပ်ပိုင်းတာဝန်ရှိသူများသည် လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း အဆိုပါပါတီမှ သိရသည်။ပါတီတည်ထောင်သူ ဒေါက်တာနေဇင်လတ် အပါအဝင် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့် ပါတီ ထိပ်ပိုင်းတာဝန်ရှိသူများ ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။ပါတီတည်ထောင်သူ ဒေါက်တာ နေဇင်လတ်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်သကဲ့သို့ တစ်သက်လုံး မည်သည့်အခါမျှ ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ထား ခဲ့ကြောင်း၊ ၎င်းပါတီဝင်များကို လက်တွဲခေါ်သွားပြီးပါက နိုင်ငံရေးလောကမှ ထွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
Credit to>>>Popular Myanmar News Journal

0 comments:

Post a Comment