24.7.15

အင်းစိန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၍ လမ်းသွားလမ်းလာတစ်ဦး ကျည်ဆန်ထိမှန်

အင်းစိန်မြို့နယ်တွင် ကေအင်န်ယူ၊ ကေအင်န်အယ်လ် အေငြိမ်းချမ်းရေးကောင်စီအဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍လမ်း သွားလမ်းလာအမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန် မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။


ဇူလိုင် ၂၂ ရက် ည ၈ နာရီခွဲ တွင် ယာဉ်နှစ်စီးဖြင့် ရောက်လာ သော ကေအင်န်ယူ၊ ကေအင်န် အယ်လ်အေငြိမ်းချမ်းရေးကောင် စီအဖွဲ့မှ ဗိုလ်နာဂစ်အပါအ၀င် တပ်ဖွဲ့ဝင် ငါးဦးသည် သန္တိသုခ ဓမ္မာရုံအနီး၌ သစ်ပွဲစားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးရွှေဇံက ပြော သည်။

‘‘ရန်ကုန်မြို့မှာက ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြစ်မှုကျူးလွန် သူတွေကို ဖမ်းမမိသေးဘူး။ သေ နတ်ကတော့ အတိုလို့ သိရတယ်’’ ဟု စခန်းမှူးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် အသက် (၂၂) နှစ်အရွယ်လမ်းသွားလမ်းလာအမျိုးသား တစ်ဦး၏ ခြေသလုံးကိုကျည်ဆန် ဖောက်ထွက်သွားရာ အင်းစိန် ဆေးရုံသို့ တက်ရောက် ဆေးကု နေကြောင်း သိရသည်။

‘‘ညက သေနတ်သံကြားလို့ ထွက်ကြည့်တော့ လူတွေ ရုတ် ရုတ်ရုတ်ရုတ်ဖြစ်နေတယ်။ သေ နတ်နဲ့ ပစ်ကြတယ်လို့ သိရတယ်။ အနီးအနားက လူတွေက သေနတ်သံကြားခဲ့တယ်’’ဟု အင်းစိန် ရွာမ အနောက်ရပ်ကွက်တွင် နေထိုင် သော အမျိုးသားတစ်ဦးကပြော သည်။

သေနတ်ပစ်ခတ်မှုနှင့် ပတ် သက်၍ အင်းစိန်မြို့မရဲစခန်းတွင် လူသတ်မှု ကျူးလွန်ရန် အားထုတ် သည့် ပုဒ်မနှင့် အသက်အန္တရာယ် ကို ဘေးဖြစ်စေတတ်သော  အပြင်းအထန်နာကျင်စေမှုပုဒ်မ များဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန် သူများကို ဖမ်းမိနိုင်ရန် စီစဉ်နေ ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး က ပြောသည်။
 Credit to>>> 7 Day Daily

0 comments:

Post a Comment