29.7.15

အာတိတ်ရှိ ရုရှား ရေတပ်အင်အားကို တိုးမြှင့်မည်


 
ရုရှားနယ်စပ်နားတွင် နေတိုးက စစ်အင်အား တိုးမြှင့်ရန် လုပ်ဆောင်နေခြင်းကြောင့် အာတိတ်နှင့် အတ္တလ္တိတ်တို့ရှိ ရုရှားရေတပ်များကို အင်အားတိုးမြှင့်မည် ဖြစ်ကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့သည်။


အာတိတ်ရှိ ရေတပ်သည် ရေခဲခွဲ သင်္ဘောသစ်များကို လက်ခံရရှိမည် ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်က ပြောသည်။ အာတိတ်ဒေသသည် သဘာဝ သယံဇာတ ကြွယ်ဝသော ဒေသဖြစ်သည်။ ရုရှားအစိုးရက ချမှတ်လိုက်သည့် ညွှန်ကြားချက်သစ်အရ ရုရှားသည် ပစိဖိတ်သမုဒ္ဒရာ ဒေသတွင် တရုတ်၊ အိန္ဒိယ သမုဒ္ဒရာဒေသတွင် အိန္ဒိယနှင့် ပိုမို ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

ရုရှား နယ်နိမိတ်နားတွင် နေတိုးအဖွဲ့က စစ်ရေး လှုပ်ရှားမှုများ ရှိနေသည့်အတွက် အတ္တလ်္တိတ်ကို အထူး အလေးထားရခြင်း ဖြစ်ကြောင်း ရိုဂိုဇင်က ရုရှားသမ္မတ ဗလာ ဒီမာပူတင် တက်ရောက်သည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ကရိုင်းမီးယားနှင့် စီဗက်စတိုပိုလ်တို့ရှိ အခြေအနေများကြောင့် ရုရှားသည် ရေတပ်အင်အားကို တိုးမြှင့်ရခြင်း ဖြစ်ကြောင်း ရိုဂိုဇင်က ပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားသည် မြေထဲပင်လယ်ထဲသို့ ရေတပ်များကို စေလွှတ်မည်ဖြစ်ပြီး၊ ကရိုင်းမီယားနှင့် စီဗက်စတိုပိုတို့၏ စီးပွားရေးတွင် ပိုမို ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ 

Credit to>>>BBC

0 comments:

Post a Comment