21.6.13


   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြားယော က်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်သို့ပြောင်း ရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။
 "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလားမလား၊ ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့" RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာဖြစ် ပါတယ်။ ဒါ့အပြင်မလေးရှားရောက် မြန်မာနိုင်ငံသားများ ထိခိုက်သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်ပြီးမေးမြန်း ခဲ့ရာတွင်ပြည်ပရှိမြန်မာနိုင်ငံသားတွေအတွက် နိုင်ငံခြားမှာရှိတဲ့သက်ဆိုင်ရာ သံရုံးတွေကထိထိရောက်စွာ တာဝန်ယူကူညီဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ "အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေ ဘယ်မှာ ပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ် သမားတွေတင်မကဘူး၊ နိုင်ငံခြားကို ရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို ပါစောင့်ရှောက်ရမယ်" တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက သမ္မတအဖြစ်ဝင်ရောက်ကာ အရွေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး သဘောထားကိုမေးမြန်းရာ အခုလိုပွင့်ပွင့်လင်းလင်းပြောဆိုခဲ့  တာကို လေးစားနှစ်သက်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။     
သတင်း RFA

0 comments:

Post a Comment