21.6.13

Lytro မီးလုံး ကင်မရာမှာ Wi-Fi ပါပြီ

၂၀၁၁ ခုနှစ် အောက်တိုဘာလက စတင်ဖြန့်ချိတဲ့ Lytro ကင်မရာက အခုတော့ Firmware အသစ် Update ကြောင့် Wi-Fi ပါရှိသွားပါပြီ။ Software update လုပ်ရုံပါပဲ။

Lytro အမည်ရ ကင်မရာက ခရီးသွားသူများဆောင်ဖို့ အတွက် ဖြစ်ပါတယ်။ ကြည့်လိုက်ရင် ဓာတ်မီးတစ်ခုလို့ ထင်ရပေမယ့် သူက light field camera ဖြစ်ပါတယ်။ 8 GB သိမ်းဆည်းနိုင်တဲ့ တစ်လုံးကို ၃၉၉ ဒေါ်လာ၊ 16GB ကို ၄၉၉ ဒေါ်လာနဲ့ ဖြန့်ချိရောင်းချခဲ့တာပါ။

ဈေးကြီးပေမယ့် ပစ္စည်းက အမြင်ဆန်းတော့ ဝယ်ယူသူများပြားခဲ့ပါတယ်။ တစ်ခုအားနည်းချက်ကတော့ ကင်မရာ ပုံထွက် အရည်အသွေးပါ။ 1.2 MP သာရှိပြီး ပုံထွက် 1080 × 1080 pixels အထိသာ ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ JPEG Format ပဲ ပေးစွမ်းမှာပါ။ LCD မျက်နှာပြင် သေးသေးလေးတောင် ပါရှိပါသေးတယ်။ ရိုက်ကူးမယ့်ပုံကို Preview ကြည့်ရအောင် ဖြစ်ပါတယ်။

Firmware update အကြောင့် Chip မှာ Wi-Fi ပါရှိလာပြီး iPhone, iPad နဲ့ အခြား Apple Device များဖြင့် ဓာတ်ပုံများ အလွယ်တကူ Share နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Ref: Aung Kham (TSJ team)

0 comments:

Post a Comment