21.6.13

မြန်မာနိုင်ငံအပေါ် တားဆီးချက်တွေ ILO ရုတ်သိမ်း


   မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်တွေအားလုံးကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က မနေ့ကပြန်လည်ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါ တယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာအလုပ်သမားညီလာခံမှာ တက်ရောက်လာသူ ကိုယ်စားလှယ်တွေ က မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်ညီလာခံမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့အချက်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အလုပ်သမားညီလာခံဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက မြန်မာအပေါ် ကန့်သတ်ချက်တချို့ကို ဆိုင်းငံ့ခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့ကကျင်းပခဲ့တဲ့ ညီလာခံမှာတော့ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားယူခိုင်းစေမှုနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲပုံမှန်ပြု လုပ်ရေးအပါအဝင် ကျန်ရှိနေတဲ့ အရေးယူဆောင်ရွက်ရေးအားလုံးကို ရုတ်သိမ်းဖို့အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ  ILO က အရေးယူခဲ့တာဖြစ်ပြီး၊ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေ အနေတွေနဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်လာတဲ့  ဆောင်ရွက်ချက်တွေေ ကြာင့်ကျန်ရှိနေတဲ့ ကန့်သတ်ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက် တာjဖစ်ပါ တယ်။
   အခုလို တားဆီးကန့်သတ် အရေးယူထားတာတွေအားလုံး ရုတ်သိမ်းလိုက်တာကြောင့် ILO နဲ့ မြန်မာနိုင် ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိသွားပြီဖြစ်ပြီး။ မြန်မာနိုင်ငံမှာ အဓ္ဓမလုပ်အားယူခိုင်းစေမှု လုံးဝကို ပပျောက်သွားရေးအတွက် နိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာ အလုပ်သမားညီလာခံက တိုက်တွန်းလိုက်ပါတယ်။
 Ref..RFA

0 comments:

Post a Comment