21.6.13

ဘာစီလိုနာ ကွင်းလယ်လူ သီယာဂိုနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားသည့် မန်ချက်စတာယူနိုက်တက်

   မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန် ထရာကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။
အင်္ဂလန် ချန်ပီယံ အသင်းသည် စပိန်လာလီဂါ ချန်ပီယံ အသင်း၏ လူငယ် ကွင်းလယ်ဖန်တီးရှင် ကစားသမားလေးအား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅)သန်းဖြင့် စာချုပ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုအနေအထားတွင် ဘာစီလိုနာ အသင်းနှင့် ယူနိုက်တက်တို့ကြား ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းရန်သာ လိုအပ်တော့သည်။ သတင်းများကမူ ပေါင်စတာလင် (၁၇)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်သည် သီယာဂို အိုးလ်ထရက်ဖို့ဒ်သို့ ရောက်လာစေမည့် ဆုံမှတ်ဟု သုံးသပ် ရေးသားနေကြသည်။
ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် ကွင်းလယ်အင်အား တည်ဆောက်ရေးကို အလေးအနက် လုပ်ဆောင်ခဲ့ပြီး သီယာဂိုကိုလည်း အနှစ်သက်ဆုံး ကစားသမား တစ်ဦးအဖြစ် ချဉ်းကပ်ခဲ့သည်။ အသက်(၂၂)နှစ်ရှိ သီယာဂိုသည် ၎င်း၏ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း မာဇင်ဟိုထံမှတစ်ဆင့် ယူနိုက်တက် တာဝန်ရှိသူများနှင့် ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်းဟု သိရသည်။ ဥရောပ အသက်(၂၁)နှစ်အောက် လူငယ်ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် စပိန်အတွက် Hat-Trick သွင်းယူခဲ့သော ကစားသမားလေးကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက အင်္ဂလန် ထိပ်သီးအသင်းကြီးက စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
Ref: soccer maynmar

0 comments:

Post a Comment