21.6.13

အာဆင်နယ် အသင်းသည် ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူနိုင်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီ


  အကြို ညှိနှိုင်းမှုများ အပြီးတွင် အာဆင်နယ်သည် ဟီဂူရင်းအား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဖြင့် စာချုပ်ရန် သဘောတူညီနိုင်ခဲ့ကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ကလပ်အသင်း နှစ်ခုကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေပါက အစ်တီဟတ်သို့ ရောက်ရှိရန် အသင့် ဖြစ်နေပြီဟု ယူဆရသည်။ ယခုသဘောတူညီမှုကြောင့် ဟီဂူရင်းသည် သီအိုဝဲလ်ကော့တ်၊ သောမတ်စ်ဗာမေလန်တို့နည်းတူ ကလပ်အသင်း၏ လုပ်ခ ခံစားခွင့် အမြင့်မားဆုံး ကစားသမား တစ်ဦး ဖြစ်လာမည်ဟု သိရသည်။
ဟီဂူရင်းသည် ရီးယဲလ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၄၀၀၀) ရရှိနေသူ ဖြစ်သည်။ အာဆင်နယ်သည် ၎င်းကို ဝယ်ယူရေးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ကို အကုန်အကျခံဖွယ်လည်း ရှိနေသည်။ အသက်(၂၅)နှစ်ရှိ ကစားသမားကို အာဆင်နယ်က ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ဝယ်ယူနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ ဟီဂူရင်းနှင့် အာဆင်နယ်တို့ကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားပြီဟု သတင်းများက ဖော်ပြနေသည့်တိုင် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း ကစားသမားကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေဆဲဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

Ref..soccer myanmar

0 comments:

Post a Comment