28.6.16

ပြည်ပတွင် အကျဉ်းကျနေသောနိုင်ငံသားများအား မြန်မာသံရုံးက အကာအကွယ်ပေးရန်နှင့် ထောင်ဝင်စာမှန်မှန်ပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 ပြည်ပနိုင်ငံများတွင် အကျဉ်းကျနေသော နိုင်ငံသားများ အား မြန်မာသံရုံးများက အကာအ ကွယ်ပေးရမည်ဖြစ်ပြီး ထောင်ဝင် စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
ဇွန်လ ၂၅ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မြန်မာ အသင်းအဖွဲ့အစည်းများနှင့်တွေ့  ဆုံစဉ် ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်း ထောင်တွင် အကျဉ်းကျ မြန်မာ နိုင်ငံသားများ ထောင်ဝင်စာလာ တွေ့သူမရှိသောကြောင့် အခက် အခဲဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန် ရက် (MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက  တင်ပြရာ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။

 ‘‘ ပြစ်မှုကျူးလွန်တဲ့သူတွေ တောင်မှ သံရုံးက ကာကွယ်ပေးရ မယ်။ ထောင်ထဲမှာ ရောက်နေရင် ထောင်ဝင်စာ သွားတွေ့ရမယ်။ အကာအကွယ်တွေေ ပးရမယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသားတွေ ထောင်ကျနေ တာတွေရှိတယ်။ တချို့နိုင်ငံတွေ က ပစ်ထားတယ်။ တချို့နိုင်ငံတွေ က ပစ်မထားဘူး။ မတူဘူးပေါ့ နော်။ တချို့နိုင်ငံတွေက မှန်မှန် လာတွေ့တယ်။ အပြစ်ကျူးလွန် ထားရင်တောင်လာတွေ့တယ်။ ကျွန်မကတော့ ဒါကိုမှန်တယ်လို့ ထင်တယ်။ ကိုယ့်နိုင်ငံသူ ကိုယ့် နိုင်ငံသားပဲ ကိုယ့်မှာတာဝန်ရှိ တယ်။ သံရုံးကိုလည်း ဒီတာဝန် ပေးထားပါတယ်။ ရာဇ၀တ်မှုကျူး လွန်လို့ ထောင်ထဲရောက်နေရင် တောင် ကိုယ့်နိုင်ငံသားဆိုရင် စောင့်ရှောက်ရမယ်၊ ထောင်ဝင် စာ မှန်မှန်သွားတွေ့ရမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်း ထောင်တွင် လိပ်ကျွန်းလူသတ်မှု ကြောင့် သေဒဏ်အပြစ်ပေးခံရ သော မြန်မာလုပ်သား ၀င်းဇော် ထွန်းနှင့် ဇော်လင်းအပါအ၀င် မြန်မာလုပ်သားအချို့လည်း အ ကျဉ်းကျခံနေရကြောင်း သိရ သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးနှင့် မြန်မာ့လူမှုအဖွဲ့အစည်းများ သည် ၀င်းဇော်ထွန်းနှင့် ဇော်လင်း တို့အတွက်သာ ထောင်ဝင်စာ သွားရောက်တွေ့နေကြပြီးအခြားမြန်မာနိုင်ငံသားများကို ထောင်ဝင်စာ လာရောက်တွေ့ဆုံခြင်းမရှိကြောင်း ၀င်းဇော်ထွန်းနှင့် ဇော်လင်းက 7Day  Daily သို့ပြောကြားသည်။
ထိုင်းနိုင်ငံ အကျဉ်းထောင် များအတွင်း အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသားများ ထောင်နှင့်ချီ၍ အကျဉ်းကျနေ ကြောင်း သတင်းရရှိသည်။
‘‘အလုပ်သမားဝန်ကြီးဌာန တွေ၊ သံရုံးတွေက ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်စောင့် ရှောက်ဖို့ပဲ။ မပစ်ပယ်ထားရဘူး။ တကယ့်ဥပဒေ ချိုးဖောက်ရင် တောင်မှ သူ့အပြစ်ကျရင် ကိုယ် က စောင့်ရှောက်ရမယ်။ ပေးသင့် ပေးထိုက်တဲ့အကူအညီအားလုံး ကို ပေးရမယ်။ ဘယ်တော့မှ မ ပြစ်ပယ်ထားဘူး။ အမေပြောပြီး ပြီ။ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောစရာ မရှိဘူး။ ဆိုင်ကိုဆိုင်တယ်၊ဆိုင်လို့ ကို တာဝန်ယူရမယ်။ အိမ်ရှင်နိုင်ငံ ရဲ့ ဥပဒေကို လေးစားပြီးတော့ တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံမ ဟုတ်ဘဲ ငါတို့လုပ်ချင်သလို လုပ် မယ်လို့ ပြောလို့မရဘူး။ ကိုယ့် နိုင်ငံမှာလို လုပ်ချင်သလို လုပ်လို့ မရဘူး။ တရားဥပဒေဘောင်အ တွင်းကပဲ လုပ်ရမယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
ရွှေ့ပြောင်းမြန်မာလုပ်သား များ ဒုတိယအများဆုံးရောက်ရှိ နေသော မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများကို ထိန်းသိမ်း ထားသည့် ထိန်းသိမ်းရေးစခန်း ၁၁ ခုရှိရာ စခန်းတစ်ခု၌ မြန်မာ နိုင်ငံသားလေးရာခန့်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၁)နှစ်ပြည့် မွေးနေ့အ ထိမ်းအမှတ်အဖြစ် မလေးရှား နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေ  သော မြန်မာနိုင်ငံသားများကို မလေးရှားရောက် မြန်မာများကစုပေါင်း၍ လေယာဉ်လက်မှတ် ၀ယ်ပေးကာ ပြန်လည်ပို့ဆောင် ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ့လူမှုအဖွဲ့ အစည်းများက စီစဉ်လျက်ရှိ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment