
ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။
EMG
0 comments:
Post a Comment