5.1.14

ရိုးမားကို အနိုင်ရပါကလည်း ဂျူဗင်တပ်အနေဖြင့် စကူဒက်တိုဖလားရရှိရန် မသေချာသေးဟု ပရန်ဒယ်လီဆို

အီတလီနည်းပြ ပရန်ဒယ်လီက ဂျူဗင်တပ်သည် ယနေ့ညတွင်
ကစားမည့် ရိုးမားနှင့်ပွဲစဉ်တွင် အနိုင်ရရှိပါကလည်း စကူဒက်တို
ဖလားကို ရရှိရန် မသေချာသေးကြောင်း ပြောကြားလိုက်သည်။

ဂျူဗင်တပ်သည် ဒုတိယနေရာမှ ရိုးမားကို (၅)မှတ်ဖြတ်ကာ


အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး ယနေ့ည
တွင် ကစားမည့် တူရင်ပွဲစဉ်တွင် အနိုင်ရရှိပါက ရမှတ်(၈)မှတ်အထိ
ဖြတ်ထားနိုင်မည်ဖြစ်သည်။

ပရန်ဒယ်လီက “ဒုတိယရာသီဝက်တစ်ခုလုံး ကစားရဦးမှာဖြစ်တဲ့အတွက်
တနင်္ဂနွေပွဲက အနည်းငယ်ပဲ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ ဂျူဗင်တပ်အနိုင်
ရခဲ့ရင် ရမှတ်(၈)မှတ် ကွာဟသွားတာဖြစ်လို့ လိုက်မီဖို့တော့ အများကြီး
လုပ်ရပါမယ်။ ဒါပေမယ့် ဒီကွာဟမှုက အရမ်းမကြီးမားပါဘူး။ နာပိုလီဟာ
လည်း တူရင်ပွဲစဉ်ကို အခွင့်အရေး ရယူလာနိုင်ပါတယ်။ နာပိုလီဟာလည်း
တောင့်တင်းတဲ့အသင်းကို ပိုင်ဆိုင်ထားတဲ့အပြင် ဟီဂူယင်လို ထိပ်တန်း
တိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အသင်းပါ” ဟုပြောကြားသွားခဲ့သည်။

Goal Myanmar

0 comments:

Post a Comment