5.1.14

ဘာစီလိုနာ၏ ရလဒ်ကို အက်သလက်တီကို စောင့်နေကြောင်း အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ ပြောကြား

ဒီယေဂိုဆီမြွန်နီက အက်သလက်တီကိုမက်ဒရစ်သည် လက်ရှိချန်ပီယံ
ဘာစီလိုနာ၏ ရလဒ်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားလိုက်
သည်။ အက်သလက်တီကိုမက်ဒရစ်သည် ပြီးခဲ့သည့် စနေနေ့က
မာလာဂါကို အဝေးကွင်းတွင် (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက်
ဘာစီလိုနာနှင့် (၁)ပွဲပိုကစားကာ

ရမှတ်(၃)မှတ်ဖြတ်ပြီး အမှတ်ပေး
ဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းလာခဲ့သည်။

ဘာစီလိုနာသည် ယနေ့ညတွင် အယ်လ်ချီကို အနိုင်ရရှိရန် လိုအပ်
နေပြီး အနိုင်ရရှိမှသာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်
ရယူနိုင်မည်ဖြစ်သည်။ ဘာစီလိုနာသည် လာမည့်အပတ် တနင်္ဂနွေနေ့
တွင် ဗင်ဆင့်တီကယ်လ်ဒါရွန်ကွင်းသို့ သွားရောက်၍ အက်သလက်တီကို
မက်ဒရစ်အား ရင်ဆိုင်ရမည်ဖြစ်သည်။

ဒီယေဂိုဆီမြွန်နီက “အရမ်းကို ခက်ခဲတဲ့ပွဲ(မာလာဂါ)တစ်ပွဲဖြစ်ပါတယ်။
အနိုင်ရဖို့အတွက် ကျွန်တော်တို့ အများကြီး ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။
ဘာစီလိုနာလား၊ သူတို့ ရလဒ်ဘယ်လိုထွက်လာမလဲဆိုတာကို ကျွန်တော်
စောင့်ဆိုင်းနေပါတယ်” ဟုပြောကြားသွားခဲ့သည်။

ထို့အပြင် အာဂျင်တီးနား လူမျိုးနည်းပြ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင်
ကစားရမည့် ဘာစီလိုနာနှင့်ပွဲစဉ်ကို အာရုံစိုက်ခြင်းမရှိသေးဘဲ
ကြားရက်အတွင်း ကစားရမည့် ဗလင်စီယာနှင့် ပွဲစဉ်ကိုသာ
အာရုံစိုက်နေကြောင်း ပြောကြားလိုက်သည်။

Goal Myanmar

0 comments:

Post a Comment