24.6.13

မသေခင် ဒီအစားအစာ ၂ဝမျိုးကို သင်စားကြည့်သင့်တယ်လို့ အင်္ဂလန်ထုတ် The Telegraph ဂျာနယ်က ဖော်ပြခဲ့သတဲ့။

အဲဒီအစာ ၂ဝမျိုးက-----

(၁) ငါးပူတင်း (ဂျပန်)

(၂) ပင့်ကူကြော် (ကမ္ဘောဒီးယား)

(၃) ပိုးတံုးလံုး (Witchetty grub) (ၾသစေတးလ်) (ဝါးပိုးလိုလို အီကုတ္လိုလို)

(၄) ရေဘဝဲအရှင် (ကိုးရီးယား)

(၅) ရေဘဝဲအငန် (Shiokara) (ဂျပန်)

(၆) နှံကောင် (ကမ္ဘာအနှံ့)

(၇) ဆေးဘဲဥ (တရုတ်) (အမေရိကန်သတင်းထောက်တွေက ကမ္ဘာပေါ်မှာအစက်ဆုတ်ဆုံး အစားအစာလို့ ပြောခဲ့ဖူးတယ်)

(၈) မြွေစိမ်အရက် (တရုတ်)

(၉) Puffinလို့ခေါ်တဲ့ ပင်လယ်ငှက်ရဲ့နှလုံး (Iceland)

(၁ဝ) Escamol (မက်ဆီကို) (Escamol က Liometopumပုရွတ်ဆိတ်ရဲ့ သားလောင်း)

(၁၁) အိမ်မွေးပိုးဇာကောင်သားလောင်း (ကိုးရီးယား)

(၁၂) Tong zi dan (တရုတ်) (Tong zi dan ဆိုတာ ကလေးရဲ့ကျင်ငယ် နဲ့စိမ်ထားတဲ့ ကြက်ဥ၊ ဆေးဖက်ဝင်တယ်တဲ့)

(၁၃) Hakarl (Iceland) (Hakarlဆိုတာ ငမန်းခြောက်ပုပ်၊ ကြည့်ရတာ ငပိကောင်လိုမျိုးထင်တယ်)

(၁၄) ကြွက်အရက် (တရုတ်) (ကြွက်သားပေါက်နဲ့စိမ်ထားတဲ့ အရက်)

(၁၅) ကြက်အမောက် (ဥရောပ)

(၁၆) Surströmming (ဆွီဒင်)
(Surströmmingဆိုတာ မြောက်အတ္တလန္တိတ်ငါးသလောက်တစ်မျိုးကို စည်သွပ်ထားတာ)

(၁၇) ရော်ဂီတောင် ကနုကမာကြော် (အမေရိကန်)

(၁၈) Black Ivory Coffee
(ဒီကော်ဖီက ဆင်ကို ကော်ဖီစေ့တွေစားစေပြီး ဆင်ရဲ့မစင်ကနေ ကော်ဖီစေ့တွေပြန်စစ်ထုတ်ပြီး
ပြုလုပ်ထားတဲ့ ကော်ဖီ၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီတဲ့ တစ်ကီလိုကို ဒေါ်လာ ၁၁ဝဝဝ ပေးရသတဲ့။ ထိုင်းက ထွင်တာလို့ သိရတယ်)

(၁၉) Balut (ဖိလစ်ပိုင်) (Balut ဆိုတာက ဘဲသန္ဓေသားဥ)

(၂ဝ) ငါးခေါင်းပုပ် (အလက်စကား)

ဒီထဲမှာ ပုံနဲ့တကွ ဖော်ပြထားတယ်.. အားမနာနဲ့ စားချင်တာ စားကြည့်ကြနော်

http://www.telegraph.co.uk/foodanddrink/foodanddrinkpicturegalleries/9997605/20-strange-foods-to-try-before-you-die.html?frame=2537568

နိုင်းနိုင်းစနေ

0 comments:

Post a Comment