24.6.13

GSM တယ်လီဖုန်းများအား အင်တာနက် မြန်နှုန်းတိုးမြှင့် အသုံးပြုနိုင်



   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် အင်တာနက်အသုံးပြုနိုင်သော GSM, WCDMA, CDMA-800 MHz တယ်လီဖုန်းလိုင်းများထဲမှ GSM ကိုလည်း အင်တာနက်မြန်နှုန်းအားအသုံးပြု သည့်ဖုန်းအမျိုးအစားပေါ် မူတည်၍ တိုးမြှင့်အသုံးပြု" နိုင်ကြောင်းသိရသည်။ ''မြန်မာနိုင်ငံမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေကို 2G, 3G ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ WCDMA, CDMA-800 MHzတွေက 3G   network ၊ GSM က 2G network ဆိုပြီးတော့ပေါ့၊ အင်တာနက် အသုံးပြုခကိုလည်း GSM အတွက် တစ်မိ နစ်နှစ်ကျပ်၊ ကျန်တဲ့ဖုန်းတွေက တစ်မိနစ်လေးကျပ်ပေးရပါတယ်၊ အင်တာနက်မြန်နှုန်းဆိုတာ ကိုယ်ဝယ်ယူ ခဲ့တဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပြောင်းသုံးနိုင်ပါတယ်။
   မိမိဖုန်းမှာ 3G စနစ်ပါရင် network operators ထဲက network automatically ကို မှတ်ထားလိုက်ရင် နီးစပ်ရာ အင်တာနက်လိုင်းများမှ 3G ရှိရင် 3G လိုင်းကို  ဖုန်းကတစ်ဆင့် သုံးနိုင်မှာပါ၊ 3G  စနစ်သုံး WCD MA, CDMA-800 MHz ဖုန်းတွေလည်း 3G network  မမိရင် 2G စနစ်ကိုပဲ အလိုလိုပြောင်းသွားမှာပါ။ တစ် သိန်းအောက်ပေးရတဲ့ Huawei ဟန်းဆက်တွေမှာ မြန်မာနိုင်ငံနှင့် သင့်လျော်တဲ့ စနစ်တွေတော်တော်များ များ ပါဝင်ပါတယ်။ CDMA-800 MHz အတွက် အင်တာနက်လိုင်းက သီးသန့်ဖြစ်နေလို့  ပြောစရာမလိုပေ မယ့် GSM နှင့် WCDMA ဖုန်းတွေ ဝယ်တဲ့အခါမှာ 2G စနစ်ပဲ သုံးနိုင်တဲ့ဟန်းဆက်ကို ဝယ်လိုက်ရင်  3G network ကို သုံးလို့ရမှာ မဟုတ်ပါဘူး'' ဟု မိုဘိုင်းလ်နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးထံမှ သိရသည်။
 
Ref..thithtoolwin

0 comments:

Post a Comment