11.6.13

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအောင် မြန်မာအမျိုးသမီးအသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ

  
၂၀၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ (2014 AFC Women's Asian Cup) ခြေစစ်ပွဲအောင် မြန်မာအမျိုသမီးလက်ရွေးစင်  ဘောလုံးအသင်းသည် ပြီးခဲ့သည့် ဇွန်(၁၀)ရက်နေ့က ရန်ကုန်မြို့မှတဆင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့သို့ ထွက်ခွါသွားခဲ့ကြောင်း သိရသည်၊။
  လက်ရွေးစင်အသင်းသည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည့် ဇွန် (၃၀)ရက်နေ့အထိနေ ထိုင်ကာ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ပြီး ဂျပန်အမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၅)ပွဲ ယှဉ်ပြိုင် ကစား သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရွေးစင်အသင်းတွင် တိုက်စစ်မှူး ခင်နွေးနွေးရွှေကို ထပ်မံအားဖြည့်ထားကြောင်း သိရသည်။
     မြန်မာအမျိုးသမီးလက်  ရွေးစင်အသင်းတွင် ဂိုး-မေ့ခင်ယမင်း၊ မြဖူးငုံ၊ သင်းသင်းစိုး၊ နောက်တန်း- မိုးမိုးဝါ၊ ရွှေစင်အောင်၊ မြင့်မြင့်အေး၊ စန်းစန်းမော်၊ သီးတာဦး၊ ဇာခြည်ဦး၊ ဖူးပွင့်ခိုင်၊ နန်းကြေးငုံ ၊ ဝေဝေအောင်၊ အလယ်တန်း- သန်းသန်းထွေး၊ ဇင်မာဝင်း၊ အေးအေးမိုး၊ သန္တာမိုး၊ နီလာမြင့်၊ ရှေ့တန်း- မာဂရက်မေရီ၊ နော်အားလိုဝါးတေး၊ ရီရီဦး၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ခင်သန်းဝေ၊ ခင်နွေးနွေးရွှေ တို့ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment