11.6.13

UNICEF မှ ရခိုင်ဒုက္ခသည်စခန်းများရှိ ကလေး(၆၀၀၀)ကျော်အတွက်ယာယီစာသင်ဆောင်(၂၆)ဆောင်ဆောက်လုပ်မည်




ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများရှိ မူလတန်းအရွယ်ကလေးများအတွက် ယာယီစာ သင်ဆောင် ၂၆ဆောင် ဆောက်လုပ်နေပြီး
အဆိုပါစာသင်ဆောင်များကို ရခိုင်ပြည်နယ်မြို့နယ်(၄)ခုရှိ ဒုက္ခသည်စခန်း၁၆ခု၌ ခိုလှုံနေသောမူလတန်းအရွယ် ကလေးငယ်ပေါင်း၆ထောင်
ကျော်အတွက်ယာယီစာသင်ဆောင်(၂၆)ဆောင်ကိုယခုနှစ်စာသင်ချိန်အမီ UNICEFမှတာဝန်ယူဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၃)ခုတွင် အဆိုပါယာယီစာသင်ဆောင်များကို ဆောက်လုပ်နေပြီဖြစ်သော်လည်း တချို့နေရာများတွင်
စာသင်ဆောင်များဆောက်လုပ်ဖို့အတွက် မြေနေရာပါမစ်ရရန် စောင့်ဆိုင်းနေရမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုဆောက်လုပ်ပေးမည့်
စာသင်ဆောင်တစ်ဆောင်တွင် ကလေးငယ်ပေါင်း(၆၀)လွတ်လပ်စွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော
ဆူပူအကြမ်းဖက်မှုများကြောင့် ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် မူလတန်းအဆင့်ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၈ထောင်ကျော်ရှိကြောင်း
UNICEF၏ စစ်တမ်းအရသိရှိရသည်။


0 comments:

Post a Comment