11.6.13

တတိယမြောက်ကလေးရတော့မယ့် တိုင်တန်းနစ်မင်းသမီး


ကမ္ဘာကျော်တိုင်တန်းနစ်မင်းသမီးကိတ်ဝင်းစလက်ဟာတတိယမြောက်ကလေးရဖွယ်ရှိကြောင်းသူမရဲ့ကိုယ်စားလှယ်ကအတည် ပြုခဲ့ပါ တယ်။သမီးမီယာ(၁၂နှစ်)၊သားဂျိုး(၉နှစ်)တို့ကိုယခင်ခင်ပွန်းဒါရိုက်တာဆမ်မင်ဒက်နဲ့ရခဲ့တဲ့ကိတ်အဖို့ဒါဟာတတိယ မြောက်ရင်သွေးဖြစ် မှာပါ။ ''ကလေးတွေ ရရလာ တော့ ကျွန်မ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ ဒီလိုမဖြစ်လို့လည်း မရဘူးလေ။ မိခင်တစ်ယောက် ဖြစ်လာရင်တော့ အချိန်ဆို တာ မလောက်တော့ဘူး''လို့ ကိတ်က ပြောပါ တယ်။ ၂ဝဝ၆မှာ ကိတ်က မိမိနောက်ထပ် ကလေးလို ချင်ကြောင်းနောက်ထပ် တစ်ယောက်လား၊နှစ်ယောက်လားမသိကြောင်း၊ဘုရားသခင် ပေးသလောက် ဖြစ်နိုင်ကြောင်း ပြောခဲ့ဖူး ပါတယ်။ ယခု ကလေးဟာ သူဌေးကြီး ဘရန် ဆင်ရဲ့ တူဖြစ်သူ နက်ဒ်နဲ့ ပထမဆုံးရမယ့် ကလေးပါ။ သူတို့ဟာ ဒီဇင်ဘာတုန်းက နယူးယောက်မှာ လျှို့ဝှက်လက်ထပ်ခဲ့ကြပါတယ်။

0 comments:

Post a Comment