11.6.13

မြ၀တီဘဏ် လီမိတက်၏ မိုဘိုင်းဝန်ဆောင်မှု

မြ၀တီဘဏ်ဟာ မကြာမီဘဏ်ခွဲမရှိတဲ့ မြို့နယ်တွေကို မိုဘိုင်းကားတွေနဲ့ သွာရောက်ပြီး ဘဏ် လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုပေးတော့မယ်လို့ ဇွန်လ(၄)ရက်နေ့က စင်ထရယ်ဟော်တယ်မှာ ကျင်းပတဲ့ Mobile Banking ၀န်ဆောင်မှု မိတ်ဆက်ပွဲမှာ ထုတ်ဖော်ကြေညာပါတယ်။ ကနဦး အနေနှင့် ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ လှည်းကူး၊ မှော်ဘီ၊ သံလျင်၊ ဒဂုံဆိပ်ကမ်းယုဇနဥယျဉ် မြို့တော်တွေဆီ တစ်ပတ်(၂)ကြိမ်လှည့် လည်ပြီး ဘဏ်အကောင့်သစ် ဖွင့်လှစ်ပေးတာ၊ အကန့်အသတ်ငွေပမာဏနဲ့ ငွေသွင်း၊ ငွေထုတ် ၊ ငွေလွှဲတာတွေကို လုပ်ကိုင်ပေးမယ်လို့ဆိုပါတယ်။ ဒါတင်မက မိုဘိုင်းဖုန်းတွေကနေ ကိုယ့်ရဲ့ ဘဏ်စာရင်း အကောင့်လက်ကျန် ငွေစာရင်းတွေကို ၀င်ရောက်ကြည့်ရှုနိုင်ပြီလို့ မိတ်ဆက်ပွဲမှာ ရှင်းပြခဲ့ပါတယ်။ Ref: Skynet TV Browser

0 comments:

Post a Comment