11.6.13

မိုယက်စ်လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဥရုဂွေးလူငယ်ကစားသမားအား မန်ယူအသင်ခေါ်

   

မန်ယူအသင်းသည် နည်းပြသစ် ဒေးဗစ်မိုယက်စ်လက်ထက်တွင် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဥရုဂွေးလူငယ်ကစားသမား ဂွီလာမိုဗာရီလာအား ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
ဗာရီလာသည် ပြီးခဲ့သည့်ရာသီနောက်ဆုံးရက်သတ္တပတ်အတွင်းက မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ် ကွင်း သို့ ရောက်ရှိလာပြီး အသင်းတာဝန်ရှိသူများက သူ၏ခြေစွမ်းကို စစ်ဆေးခဲ့ကြသည်။ ဗာရီလာသည် မန်ယူအသင်းတာဝန်ရှိသူများ ကျေနပ်လောက်သည့်ခြေစွမ်းကို ပြသနိုင်ခဲ့သဖြင့် သူ့အားမန်ယူအသင်း က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ အသက်(၂၀)သာရှိသော ဗာရီလာ၏ပြောင်းရွှေ့ကြေးကို မန်ယူ အသင်းမှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည် သူ၏ဥရုဂွေးကလပ် ပင်နားရိုးလ်အသင်းအနေ ဖြင့်ပြောင်းရွှေ့ကြေးပါင်(၁)သန်းဝန်းကျင် ရရှိသည်ဟု ဗြိတိန်မီဒီယာများ က ဖော်ပြကြသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်သောကြာနေ့က ကလပ်အသင်းဝက်ဆိုက်မှတဆင့် ဥရုဂွေးလူငယ်နောက်ခံ လူဗာရီလာကို ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ဗာရီလာသည် တူရကီနိုင်ငံတွင် ကျင်းပမည့် ဖီဖာယူ- ၂၀အသင်း၌ ပါဝင်ကစားသွာမည်ဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment