26.12.13

ကန့်သတ်နယ်မြေ အတွင်း ဖြတ်သန်းသွားလာသူ ၁၈ ဦးနှင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ငါးဦးကို ဒဏ်ငွေချမှတ်

ကချင်ပြည်နယ် အတွင်းသို့ တရုတ်ပြည်မှ နိုင်ငံကူး လက်မှတ်ဖြင့် လာရောက် ခဲ့သော်လည်း တရားမဝင် ကန့်သတ် ထားသည့် နယ်မြေသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာ ၂ဝ ရက်က တရုတ် နိုင်ငံသား ၁၈ ဦးနှင့် ပါဝင် ပတ်သက်သူ မြန်မာ နိုင်ငံသား ငါးဦးကို မြစ်ကြီးနား မြို့နယ် တရားရုံးက ဒဏ်ငွေ အသီးသီး ချမှတ် ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ Business Visa ဖြင့် တရုတ် နိုင်ငံသား ၁၈ ဦး ရောက်ရှိ လာပြီး ၄င်းမှ အဆင့်ဆင့် မြစ်ကြီးနားမြို့ သို့ ရောက်ရှိကာ ဒီဇင်ဘာ ၁၆ ရက်တွင် မြစ်ကြီးနား မှ တနိုင်းမြို့ သို့ ဆက်လက် ထွက်ခွာရာ တနိုင်းမြို့နယ် ကောင်ရာ ကျေးရွာ သို့ အရောက် တွင် မြို့နယ် လဝက အဖွဲ့နှင့် ပူးပေါင်းအဖွဲ့ က စစ်ဆေးရာ နိုင်ငံကူး လက်မှတ်များ ကို ကိုင်ဆောင် ထားသော်လည်း ကချင်ပြည်နယ် အတွင်း ကန့်သတ် နယ်မြေများ ဖြစ်သည့် တနိုင်းမြို့ သို့ ဗီဇာ စည်းကမ်း ဖောက်ဖျက် လာရောက်ခြင်း ကို စစ်ဆေး တွေ့ရှိရ၍ တရုတ် နိုင်ငံသား ၁၈ ဦး ၊ စကားပြန် နှစ်ဦးနှင့် ယာဉ်မောင်း သုံးဦးတို့ကို ဖမ်းဆီးခဲ့ သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ Visa စည်းကမ်း ဖောက်ဖျက်သူ တရုတ် နိုင်ငံသား ၁၈ ဦးနှင့် ပါဝင် ပတ်သက်သူ မြန်မာ နိုင်ငံသား ငါးဦး တို့ကို ဒီဇင်ဘာ ၂ဝ ရက်က မြစ်ကြီးနား မြို့နယ် တရားရုံးက သက်ဆိုင်ရာ ဥပဒေ ပုဒ်မများအရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်ငါးသိန်းစီ နှင့် ဒဏ်ငွေ မဆောင်နိုင် က ထောင်ဒဏ် ခြောက်လ ချမှတ်ရာ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်ငါးသိန်းစီ ပေးဆောင် သွားခဲ့ကြောင်း သိရှိရသည်။

Themyawadydaily

0 comments:

Post a Comment