26.12.13

အင်ဒိုအလုပ်သမားများ ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ရန် တိမ်းရှောင်ယင်း ပိတ်မိနေသော မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများ ပြဿနာ

မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ် ဆာရာဝပ်ပြည်နယ် မီရီမြို့ ရှိ အာဆီယံတံတားအနီး သဘော်ကျင်းတွင် အင်ဒိုအလုပ်သမားများ ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ရန် တိမ်းရှောင်ယင်း ပိတ်မိနေသော မြန်မာအလုပ်သမားများကို
 ၁။ မလေးရှားရှိမြန်မာအလုပ်သမား အရာရှိမှ အာဘာဖီကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။


၂။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင် ဦးစီး၍ မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများ ၂ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ အကာအကွယ်ပေး နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။

၃။ စုစုပေါင်း ၉၇ ဦး ဟု သိရှိရပါသည်။

၎။ မလေး-ဘရူနိုင်း နယ်စပ် ဟု သိရှိရပါသည်။

၅။ ၂၃ ရက်နေ့မှာ စကားများ ရန်ဖြစ်တာက စသည် ဟု သိရပါသည်။ ယနေ့ စက်ရုံပိတ် ထားပါသည်။ အာဘာဖီမှာ စေလွှတ်သော အေးဂျင့် ဖြစ်ပါသည်။

0 comments:

Post a Comment