26.12.13

ဂါးဒီးယန်း၏အကောင်းဆုံးစာရင်းတွင် မက်ဆီ ထိပ်ဆုံးရပ်တည်

ဂါးဒီးယန်း၏အကောင်းဆုံး ကစားသမားစာရင်းတွင် မက်ဆီ ထိပ်ဆုံးရပ်တည်၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀၀စာရင်းကို ဂါးဒီးယန်းသတင်းစာမှ


ထုတ်ပြန်ခဲ့ရာတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။ အဆိုပါစာရင်းတွင် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် ကစားသမား (၁၁)ဦးစီ ပါဝင်လာခဲ့ပြီး လိဂ်ပြိုင်ပွဲများအလိုက် ကိုယ်စားပြုကစားသမားစာရင်းတွင် ပရီးမီးယားလိဂ် ကစားသမား(၂၈ဦး) အများဆုံးပါဝင်လာခဲ့သည်။

ဂါးဒီးယန်းမှာ ပြီးခဲ့သည့်နှစ်မှ စတင်၍ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမား (၁၀၀)စာရင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာရင်းတွင်လည်း မက်ဆီသာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကာ ရော်နယ်ဒိုက ဒုတိယနေရာ၌သာ ရှိနေခဲ့သည်။ ယခုထုတ်ပြန်ခဲ့သည့်စာရင်း၏ ထိပ်ဆုံး(၁၀)ဦးစာရင်းဝင် အသက်အငယ်ဆုံး ကစားသမားမှာ နေမာဖြစ်ပြီး ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုမှာ အကောင်းဆုံး ကစားသမား(၁၀၀)စာရင်းတွင် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

zaw zaw tun
ရိုးရာလေး

0 comments:

Post a Comment