26.12.13

ဂျက်ကီချန်း ပါဝင် သရုပ်ဆောင်ထားသော Police Story 2013 ဇာတ်ကား ပေကျင်း၌ ပွဲဦး ထွက် ရုံတင် ပြသ

Police Story 2013 ဇာတ်ကားကို ပေကျင်းမြို့တွင် ပွဲဦးထွက် ရုံတင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားအား ဒါရိုက်တာ ထင်ရှန်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာကျော် တရုတ် အနုပညာရှင်များ ဖြစ်ကြသည့် ဂျက်ကီချန်း၊ လျိုယွီနှင့် ကျင်းထန်တို့ ပါဝင် သရုပ်ဆောင်ထား ကြောင်း သိရသည်။



ဂျက်ကီချန်းသည် Police Story 2013 ဇာတ်ကား၌ ထောင်ချောက်မိခဲ့သော ရဲအရာရှိ အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကား စတင် ရိုက်ကူးချိန်မှစ၍ ပြီးဆုံးသည်အထိ ဇာတ်ကားထဲတွင် စိတ်နှစ်၍ ထားခဲ့ကြောင်း၊ ဇာတ်ကွက် တစ်ကွက်ပြီးနောက် နောက်လာမည့် ဇာတ်ကွက်ကို စိတ်ဝင်စား လွန်းသဖြင့် ဒါရိုက်တာကို ကြိုတင် မေးမြန်းမိသည် အထိပင် ဖြစ်ခဲ့ကြောင်း၊ ၄င်းဇာတ်ကား အကြောင်းကို ပြောပြပါက မိမိကြိုက်သော ကော်ဖီကိုပင် မသောက်ဘဲ နှစ်နာရီနီးပါး နားထောင်နိုင်ကြောင်း ၄င်းဇာတ်ကားနှင့် ပတ်သက်သည့် ခံစားချက်ကို ဂျက်ကီချန်းက ပြောပြခဲ့သည်။

ဂျက်ကီချန်းနှင့် ဒါရိုက်တာ ထင်ရှန်တို့သည် လွန်ခဲ့သည့် သုံးနှစ်ကလည်း Little Big Soldier ဇာတ်ကားကို အတူတကွ ရိုက်ကူးခဲ့ဖူးပြီး အတွဲညီသော အနုပညာရှင်များအဖြစ် လူသိများ ထင်ရှားသည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment