26.12.13

မြန်မာ့ကာကွယ်ဆေး ဈေးကွက်၌ ဆေးဝါးများ ဖြန့်ချိနေသော Sanofi ဆေးကုမ္ပဏီ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးစမ်းသပ်

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးဈေးကွက်၌ ဆေးဝါးအများ အပြား ဖြန့်ချိနေသော ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သည့် Sanofi က သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို စမ်းသပ်ဖော်ထုတ်နေပြီး လက်ရှိတွင် စမ်းသပ်သည့်အဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Sanofi ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။


မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါသည် ယခုနှစ်ပိုင်းအတွင်း အဖြစ်များလာရာ ယင်းရောဂါသည် ကလေးငယ်များ သေဆုံး မှုနှုန်း မြင့်တက်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၁၆၀၀၀ ထက်ပို၍ ဖြစ်ပွားခဲ့ပြီး တစ်ရာနီးပါး သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်သေဆုံးမှုနှုန်း ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ရာ ယခုနှစ် သွေးလွန်တုပ်ကွေးရာသီ မရောက်မီ ပင် ရောဂါဖြစ်ပွားသူဦးရေ သိသိသာသာ မြင့်တက်ခဲ့သည်။

ကျန်းမာရေး ၀န်ကြီးဌာနနှင့် Sanofi ဆေးကုမ္ပဏီတို့ ပူးပေါင်း၍ ကျေး လက်ဒေသ များတွင် စိတ်ကျန်းမာရေးဆိုင်ရာ စီမံချက်များ စတင်ရန် စီစဉ်လျက်ရှိသည်။ Sanofi ဆေးကုမ္ပဏီ အနေဖြင့် နှလုံးရောဂါ ကုထုံးများ၊ ဆီးချိုရောဂါကုထုံးများ၊ ကာကွယ်ဆေးများ၊ ဆေးဝါးအသစ်အဆန်းများ၊ တစ်ကိုယ်ရည် ကျန်းမာရေးဆိုင်ရာ လူသုံးကုန်ဆေးဝါးများ စသည်တို့ ထုတ်လုပ်လျက်ရှိသည်။

Eleven Media Group

0 comments:

Post a Comment