22.6.13

သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးသော်လည်း ထပ်မံကျူးကျော်ပါက အရေး ယူမည်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် တစ်နိုင်ငံ လုံးရှိ ကြိုးပြင် ကြိုးဝိုင်း ကာ ကွယ်တောများမှ မြေဧက သုံးသိန်းကျော်ကို သမ္မတရုံး ခွင့်ပြုချက်ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေး သွား မည် ဖြစ်သော်လည်း ထပ်မံ၍ ကျူးကျော် နေထိုင်သူများကိုမူ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက The Voice သို့ ပြော
ကြားသည်။

နှစ်ကာလ အတန်ကြာ နေထိုင်နေသည့် အိမ်ခြေ ၅၀နှင့် အထက် ကျေးရွာ များကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ဆက်လက်နေထိုင်ခွင့်ပြုရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိသော်လည်း ထပ်မံကျူးကျော်နေ ထိုင်သူများကိုမူ တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သစ်တောမြေအတွင်း ကျူးကျော်နေထိုင်ခဲ့သည့် ကျေးရွာ ၁၂၁၃ ရွာ ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်
ပြု ချက်ဖြင့် သစ်တောမြေအဖြစ်မှ ပထမ အဆင့်အနေနှင့် ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီး ဌာန အမည်ပေါက် စာရင်းဝင် ကျေးရွာ ၁၂၁၃ ရွာ၊ ဧရိယာအားဖြင့် ကျေးရွာမြေ ဧရိယာ ၂၄,၄၄၇ ဒသမ ၄၄ ဧက၊ လယ်မြေဧရိယာ ၂၉၅,၃၁၉ ဒသမ ၇၇ ဧကနှင့် အများပိုင်မြေနှင့် သာသနာ့နယ်မြေများ ၂၆,၁၂၁ ဒသမ ၉၂ ဧက စုစုပေါင်း ဧရိယာ သုံးသိန်းကျော်ကို ဥပဒေ နည်းလမ်းအတိုင်း ကြိုးပြင် ကြိုးဝိုင်း ကာကွယ်တောအဖြစ်မှ ပယ်ဖျက်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း ဦးခင်မောင်ဦးက ဆက်လက် ပြော ကြားသည်။

ယင်းသို့ ပယ်ဖျက်လိုက်မည့် သစ်တောမြေအတွင်း ဒေသခံများ လုပ်ကိုင် လျက်ရှိသည့် ယာမြေများတွင် သီးနှံ သစ်တော ရောနှော စိုက်ပျိုးနည်း စနစ်ဖြင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောများတည်ထောင်
ပြီးမှသာ ဆက်လက် လုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။ သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရန်အတွက် လက်ရှိ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီး စသည်တို့မှ ကြိုးပြင်ကြိုးဝိုင်း ကာကွယ်တောရှိသည့်ဒေသများတွင် မြေပြင်ကွင်းဆင်း၍ ဧရိယာ တိုင်းတာခြင်းတို့ကို ဆောင် ရွက်နေကြောင်း သစ်တော ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment