22.6.13

မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်မှ ယခင် ပညာသင်နှစ် အမှတ် စာရင်း အတိုင်းသာ ခေါ်ယူသွားမည်

ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ၂၀၁၂- ၂၀၁၃ ယခု ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူများ ကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ် သင်တန်းကို လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲနဲ့ ၀ိပ္ပံဘာသာတွဲများ နဲ့ အောင်မြင် ထားသူများ လျှောက်ထား ခွင့်ရှိပြီး ကျန်းမာရေး(က)အဆင့် အရောင် ခွဲခြားနိုင်မှု စွမ်းရည် ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၃-၁၄ ပညာသင်နှစ် အတွက် ရေကြောင်းပညာ တက္ကသိုလ်ကို ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးသာ စစ်ဆေး လက်ခံမှာ ဖြစ်ပြီး အမျိုးသမီး ဦးရေ ကိုလည်း ၂၀ ရာခိုင်နှုန်း အထိသာ လက်ခံ သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ ရေယာဉ် တည်ဆောက်မှု ပညာ၊ ရေကြောင်းစက်မှု အင်ဂျင်နီယာနဲ့ ဆိပ်ကမ်း အင်ဂျင်နီယာ စတဲ့ အထူးပြု ဘာသာရပ် ၈ မျိုးကို သင်ကြားပေး လျက်ရှိတယ်လို့ သိရပါတယ်။

MRTV-4

0 comments:

Post a Comment