22.6.13

မြန်မာနိုင်ငံ၏ အင်တာနက် Speed ကို ကမ္ဘာကျော် Intel ကုမ္ပဏီမှ ဝေဖန်ပြောကြားသွားခဲ့

ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Intel ကုမ္ပဏီသည် အာရှတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် အာရှ၏ နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါ ဝင်ကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum (WEF)) တွင် ပြောကြားခဲ့သည်။ Intel ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Mr.Aruind Sodhamim က “ကျွန်တော်တို့ ရဲ့ အာရှတိုက်တွင် အရဲစွန့်ပြီး လုပ်ဆောင်တဲ့ စီးပွားရေးစနစ်မှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး” ဟု ပြောကြား ခဲ့သည်။ Intel ရဲ့ အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံခြင်းတို့ကို အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ကမ္ဘာစီးပွားရေး ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။ Mr.Aruind Sodhamim က ဆက်လက်၍ “မြန်မာနိုင်ငံ၏ လုပ်ကိုင်ခွင့် ဥပဒေတွေက တိုးတက်မှုမရှိသေးတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်လျက်ရှိနေပါတယ်။ အဲဒါတွေ စတင်ပြောင်းလဲလာပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကတိပေးပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများမှာ ဖွံ့ဖြိုးရန်လို အပ်ကြောင်းနှင့် နှေးကွေးတဲ့ အင်တာနက် ဆက်သွယ်မှုသည် မြန်မာနိုင်ငံတွင် နည်းပညာကုမ္ပဏီများက လုပ်ငန်းလုပ်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ Mr.Aruind Sodhamim က “ကျွန်တော်တို့တွေ မြန် ဆန်တဲ့ အင်တာနက် အသုံးပြုခွင့်ရဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည။် မြန်မာနိုင်ငံသည် အာရှနိုင်ငံ များတွင် အလုပ်သမားဈေးနှုန်း သက်သာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေး စနစ်နှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုမရှိခြင်းက ရင်းနှီးမြှုပ်နှံ သူတို့အတွက် အဟန့် အတားဖြစ်စေကြောင်းကို Mr.Aruind Sodhamim က ဆက်လက်ပြောကြားခဲ့သည်။ Intel ၏ ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံနှစ်ခုကို လေ့လာခြင်းအားဖြင့် ၎င်းတို့ဆိုလိုရင်း အဓိပ္ပါယ်ကို ပေါ်လွင်စေမည်ဖြစ်သည်။

အဆိုပါ ကုမ္ပဏီကြီးနှစ်ခုသည် အိန္ဒိယနှင့် စင်္ကာပူနိုင်ငံ နှစ်ခုတွင် တည်ရှိနေသည့် ကုမ္ပဏီကြီး များ ဖြစ်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ Snapdeal.com၊ စင်္ကာပူနိုင်ငံ၏ Reebonz.com တို့တွင် အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် အိန္ဒိယနိုင်ငံနှင့် စင်္ကာပူတွင် ကုမ္ပဏီသက်တမ်း တိုသော်လည်း အောင်မြင်မှု ရရှိနေသည့် ကုမ္ပဏီ များ ဖြစ်ကြောင်း သိရသည်။ Intel က ရင်းနှီးမြှုပ်နှံမည့် အိန္ဒိယကုမ္ပဏီ တစ်ခုဖြစ်သည့် Snapdeal.com သည် အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသုံးပြုသူပေါင်း ၁၈ မီလီယံရှိကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် ဖက်ရှင်လုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်း၊ အိမ်တွင်းအလှဆင် လုပ်ငန်းများစွာ ပါဝင်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ၏ Reebonz သည် အာရှတွင် အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ Reebonz ကုမ္ပဏီနှင့် ၎င်းရဲ့ လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီကိုပါ Intel က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Reebonz ကုမ္ပဏီသည် အဖိုးတန်ဇိမ်ခံပစ္စည်း များ ရောင်းချခြင်းနှင့် အဝတ်အထည် လုပ်ငန်း၊ အိတ်လုပ်ငန်းများ လုပ်ကိုင်ပြီး အရှေ့တောင်အာရှိ နိုင်ငံ များ၊ မြောက်အာရှ နိုင်ငံများနှင့် သြစတြေးလျနိုင်ငံများတွင် ဖောက်သည် အခိုင်အမာရပြီးသား ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ Reebonz ၏ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီ သည် ကမ္ဘာအတော်ဆုံး ဒီဇိုင်နာများ ပြုလုပ်သည့် ပြိုက်ဘက်ကင်း ထုတ်ကုန်များကို ရောင်းချပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီကြီးနှစ်ခုတွင် Intel က ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ခြင်း သည် ၎င်းတို့၏ စီးပွားရေး မူဝါဒများနှင့် ကိုက်ညီမှုရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေရန်ဖြစ်ကြောင်း သိရသည်။ Intelကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကိုအင်တာနက်မြန်နှုန်းကောင်း မွန်မှုရှိမှာသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အေးချမ်း
Ref & Credit to Smart Pro Journal

0 comments:

Post a Comment