30.6.13

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ

ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရ ပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ပြီးခဲ့သည့် ၂၀၁၁ နှစ်လယ်ပိုင်းက စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပင်စင်စားများကို ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနတွင် ခန့်အပ် ခဲ့ပြီး လမ်းစည်းကမ်း ထိန်းသိမ်းရေးကို အဓိက ပြုလုပ်စေသည်ဟု သိရသည်။ လစာအနေဖြင့် စတင်ခန့် အပ်စဉ်က နေ့စားတစ်နေ့လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က ပေးခြင်းဖြစ်ပြီး ယခုလက်ရှိတစ်နေ့လျှင် ကျပ်၂၆၀၀ နှုန်းဖြင့် နေ့စားလရှင်းနှုန်းဖြင့် ပေးခြင်းဖြစ်ကြောင်း၊ အလုပ်မဆင်းသည့် နေ့အတွက် နေ့စားခ မရကြောင်း သိရသည်။

ပင်စင်စားများ လမ်းစည်းကမ်း ထိန်းသိမ်းရသည့် နေရာများမှာ လူစည်ကားသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမီးပွိုင့်၊ ဆူးလေဘုရားပတ်လည် မြို့တော်ခန်းမအနီး၊ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းအနီး၊ မြေနီကုန်းနှင့် မဟာမြိုင် ကားမှတ်တိုင်အကြား၊ လှည်းတန်း၊ ကမ္ဘာအေး စသည့်နေရာ များတွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများတွင် ယာဉ်စည်းကမ်းကိုမူ ယာဉ်ထိန်းများက ထိန်းသိမ်း ကာ လမ်းစည်းကမ်းကို ပင်စင်စား သက်ကြီးများက ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု သိရသည်။ ၀င်ရောက် လုပ်ကိုင်နေသည့် ပင်စင်စားများတွင် တပ်မတော် ပင်စင်စားများ များပြားပြီး ရန်ကုန်မြို့တွင်း ရှိ တောင် ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် နေရာများအပြင် ဆိပ်ကြီးခနောင်တို ဘက်မှပင် လာရောက်လုပ်ကိုင် သူများ ပင် ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment