30.6.13

ကမ္ဘာ့အမြန်ဆုံး 4G Network တောင်ကိုရီးယားမှာ စသုံးပြီ

SK Telecom က သူတို့ ရဲ့ LTE-Advanced network ဟာ ဖိုင်တွေ ကူးယူအသုံးပြုတဲ့အခါမှာ တစက္ကန့်ကို မီဂါဘစ် (Megabits) ၁၅ဝ အထိ မြန်ဆန်နှုန်းရှိတယ်လို့ ကြေညာကာ LTE-Advanced network 4G အပြည့်ကို ရရှိအသုံးပြုနိုင်တဲ့ ကိုရီးယားနာမည်ကျော်ဖုန်း Samsung Galaxy S-4 နဲ့ အတူ မိတ်ဆက် ပွဲပြု လုပ်ခဲ့ပါတယ်။

ပျမ်းမျှအရဆိုရင်တော့ 4G ဟာ နိုင်ငံအများအပြားမှာ အသုံးပြုနေဆဲဖြစ်တဲ့ 3G ကွန်ရက်ထက် ၂ ဆ ပိုမို မြန်ဆန်စေတယ်လို့ သိရပါတယ်။ a full-HD 1080p ဆိုဒ်ရှိတဲ့ ဗီဒီယိုတွေကို အလွယ်တကူ မြန်ဆန် စွာကြည့်ရှုနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက ရဖို့ မလွယ်ကူတဲ့ အုပ်စုလိုက် အွန်လိုင်း ရုပ်သံ ဆွေးနွေးပွဲ အစီအစဉ်၊ အသံ ဗီဒီယို ကောင်းမွန်ခြင်း စသဖြင့်တို့ကိုလည်း ဝန်ဆောင်မှု ပေး သွားနိုင် ပါလိမ့်မယ်။

Samsung က ဒီနည်းပညာကို အသုံးပြုဖို့ အတွက် နောက်ဆုံး ထွက်ရှိထားတဲ့ samsung Galaxy S-4 ကို အထူးသီးသန့် ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ်နည်းပညာ ပါဝင်တဲ့ communications chip ကို အသုံးပြု ထားပါတယ်။ samsung Galaxy S-4 အကြောင်း အသေးစိတ်ကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/03/samsung-galaxy-s-4.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

ကုမ္မဏီရဲ့ အဆိုအရတော့ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ မိုဘိုင်းဖုန်းများကတော့ အမြန်နှုန်း အပြည့်မရတာ ဟာ နည်းပညာ ကန့် သတ်မှုတွေရှိနေတာကြောင့်ပါ တဲ့။ UK မှာ လက်ရှိအသုံးပြုနေတဲ့ 4 G အမြန်နှုန်း ဟာ 75Mbps သာ ရှိပြီး တောင်ကိုရီးယားမှာ ယခုရရှိနိုင်မယ့်အမြန်နှုန်းဟာ 150 Mbps ရှိတာကြောင့် ၂ ဆ မြန်ဆန်စေမှာပါ။ ကုမ္မဏီ က တော့ 150 Mbps ပြောပေမယ့် တကယ်အသုံးပြုတဲ့အခါ 130 Mbps နဲ့ 150Mbps ကြားမှာသာ ရှိနိုင်တယ်လို့  အသိပေးထားပါတယ်။

Ovam Telecom အတိုင်ပင်ခံအရာရှိ Daryl Schoolar ကတော့ ...ကျနော် အခုထက်ထိ အင်တာနက် အမြန်နှုန်းကို မကြိုက်တဲ့သူ မတွေ့ ဖူးပါဘူး လို့ ပြောဆိုကာ လူသားတွေရဲ့ လိုအပ်ချက်တချက်ဖြစ်လာတဲ့ မိုဘိုင်းအင်တာနက် အမြန်နှုန်းကို ထောက်ပြပါတယ်။ ခုလတ်တလော ရေပန်းစားနေတာကတော့ ...  နော်ဝေ ကုမ္မဏီ Telenor နဲ့  ကာတာ ကုမ္မဏီ Ooredoo တို့ ဟာလည်း မြန်မာနိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ရန်အတွက် တင်ဒါ ခေါ်ယူရာမှာ အစိုးရ ရဲ့ တရားဝင်ခွင့်ပြုချက် ကိုရရှိခဲ့ တယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် မြန်မာပြည်မှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေးလုပ်ငန်းပေါ်ပေါက် လာဖို့ အခြေအနေ ကောင်းနေပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဧရာဝတီ Blog

0 comments:

Post a Comment