4.3.14

အပစ်အခတ်ရပ်စဲရေးကို သေသေချာချာမလုပ်ဖူးဆိုရင်



၎.၃.၂၀၁၄၊ အင်္ဂါနေ့

မြန်မာနိုင်ငံအတွင်း လက် နက်ကိုင်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိရာ၊ အပစ်အခတ်ရပ်စဲရေးကိစ္စကို သေသေချာချာလုပ်ဆောင်မသွား ပါက နိုင်ငံရေးဆွေးနွေးပွဲကိုထိခိုက် နိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့က ပြုလုပ်သည့် ခရီး သွားလုပ်ငန်းမဟာစီမံကိန်းအလုပ် ရုံ ဆွေးနွေးပွဲတွင်Myanmar Peace Center မှ ဦးအောင်နိုင်ဦး က ပြောကြားသည်။
“ဘာဖြစ်လို့ ကျွန်တော်တို့ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးကိုလုပ်ကြရတာလဲ။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့ အခါမှာ ကျွန်တော်တို့ဟာ နိုင်ငံ ရေးဆွေးနွေးပွဲကိုသွားမှာဖြစ်ပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ် တဲ့အခါမှာ ကျွန်တော်တို့ငြိမ်းငြိမ်း ချမ်းချမ်းနဲ့လုပ်ချင်ပါတယ်။ အပစ် အခတ်ရပ်စဲရေးကို သေသေချာ ချာမလုပ်သွားဘူးဆိုရင် ကျွန်တော် ရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေး နွေးပွဲကိုလာပြီး ထိခိုက်မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဒီထိခိုက်မှု တွေဟာ အင်မတန်ကိုပြဿနာ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီဟာ ကို မရရအောင်လုပ်ဖို့ ကြိုးစား နေကြတာပါ”ဟု MPC မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၄၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘားအံမြို့၊Grand Hill ဟိုတယ်တွင် ကရင်ပြည်နယ် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး၊ ခရီးသွားလုပ်ငန်းမဟာ စီမံကိန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲပြုလုပ်ရာ ကရင် ပြည်နယ်အစိုးရအဖွဲ့၊ MPC အဖွဲ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်၊ ၈၈ ငြိမ်း/ပွင့်လူ့အဖွဲ့အစည်း နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ကရင်ပြည်နယ်ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်မှု၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ်တွန်းအား ပေးနိုင်မည့်အနေအထား၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းတွင် လူမှု အဖွဲ့အစည်းများပါဝင်ဆောင်ရွက် နိုင်မှုအခွင့်အလမ်းများနှင့် စိန်ခေါ် မှုများအား အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

ငြိမ်းချမ်းရေးကိစ္စတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ်္စနှင့် ပတ်သက်ပြီး နေရွှေ့ညရွှေ့လုပ်ခဲ့ ကြသည့်အပေါ် စိတ်မရှည်သူများ ရှိနေကြောင်း၊ ၎င်းင်းတို့အနေဖြင့် သိမ်မွေ့နက်နဲခက်ခဲသည့်လက်နက် ကိုင် ပဋိပက္ခသဘောကိုနားလည် စိတ်ရှည်ကြဖို့လိုအပ်ကြောင်း၊ လူတွေ၊ အကြောင်းအရာတွေ၊ အဖွဲ့အစည်းတွေ၊ အခြေအနေ တွေ၊ အရင်းအမြစ်ကိစ္စတွေ၊ နိုင်ငံ တကာပြဿနာတွေနဲ့ ရှုပ်ထွေးတဲ့ ပဋိပက္ခဖြစ်ကြောင်းMPC မှ ဦးအောင်နိုင်ဦးက ဆက်လက် ရှင်းလင်းပြောကြားသည်။

“လူထုရဲ့စိုးရိမ်စိတ်တွေကို ဖြေဖျောက်ရအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲစဉ်းစားနေပါ တယ်။ ဒီမှာလဲအဖွဲ့တွေရှိတယ်။ ရှမ်းပြည်မှာလဲရှိတယ်။ ရှမ်းပြည် မှာဆို အဖွဲ့တွေအများကြီး၊ ဒီ အဖွဲ့တွေကိုလဲမပါပါအောင် ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါမှာ စိတ်မရှည်တဲ့လူတွေလဲပါပါတယ်။ ဟာ ဒီလောက်ကြာနေပြီ အစိုးရ က ဒီလောက်လိုက်လျောနေတာ ဘာဖြစ်လို့တိုင်းရင်းသားတွေ လက်မှတ်မထိုးတာလဲ ပြောပြော နေတဲ့ နိုင်ငံရေးသမားတွေလဲ ရှိလဲရှိပါတယ်။ ဖုန်းနဲ့တစ်မျိုး၊ လူနဲ့ တစ်မျိုးအပြင်မှာ အမျိုးမျိုးတွေ ပြောနေတာရှိပါတယ်။ ဒီနိုင်ငံရေး သမားတွေကို ကျွန်တော်တို့ မပြောတော့ပါဘူး။

လက်နက်ကိုင်ပဋိပက္ခရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးကိုကျွန်တော် က ကြိုတင်ပြီးပြောပြပါတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုတာ ဘာ လဲ၊ ဒါလေးကိုနားလည်ဖို့လိုပါ တယ်။ လက်နက်ကိုင်ပဋိပက္ခဆို တဲ့ သဘောကတော့အကြောင်း အရာတွေ၊ လူတွေ၊ အဖွဲ့အစည်း တွေ၊ အခြေအနေတွေ၊ ခုနက အရင်းအမြစ်ကိစ္စတို့ နိုင်ငံတကာ ပြဿနာတို့ အခြေခံနေပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခု ချုပ်ရုံနဲ့ မရပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုကြ သည့်အခါ နိုင်ငံတော်ခေါင်းဆောင် များ၊ တိုင်းရင်းသားခေါင်းဆောင် များ၊ နိုင်ငံတကာကခေါင်းဆောင် များနှင့် ကုလသမဂ္ဂအဖွဲ့မှ တာဝန် ရှိသူများပါလာရောက်အသိသက် သေပြုကြမည်ဖြစ်ကြောင်း သိရ သည်။

ပွင့်ဆန်း (ပုပ္ပား)
Hot News Journal

0 comments:

Post a Comment