4.3.14

လိင်တူချစ်သူ ၂ ဦး အား ဗဟန်းမြို့မရဲစခန်း တွင် စတင်စစ်ဆေးနေပြီဟုဆို



အာရှနိုင်ငံများတွင် လိင်တူဆက်ဆံခြင်းကို လုံးဝခွင့်ပြုထားခြင်းမရှိဘဲ ကမာ့နိုင်ငံ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃နိုင်ငံတွင် ကန့်သတ်ချက်များဖြင့် လိင်တူလက်ထပ်ခြင်းအားခွင့်ပြုထားပါသည်။ လိင်တူ လက်ထပ်ခြင်းကို အမေရိကန်ပြည်ထောင်စု
တွင်ပင်ပြည်နယ်(၁၈)ခုတွင် သာ ခွင့်ပြုထားပြီး ကျန်ပြည်နယ်များတွင်လုံးဝခွင့်ြ့ပုထားခြင်း
မရှိကြောင်းသိရှိပါသည်။

မြန်မာနိုင်ငံတွင် လိင်တူဆက်ဆံခြင်းကို ၇ာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၇) ဖြင့်တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ်(၁၀)နှစ်မှစပြီး တစ်သက် တ ကျွန်းထိချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းထားရှိပါသည်။

ရာဇသတ်ကြီးပုဒ်မ(၃၇၇)တွင် မည်သူမဆိုယောင်္ကျားနှင့်ဖြစ်စေ .မိန်းမနှင့်ဖြစ်စေ/ တိရစ္ဆာန် နှင့်ဖြစ်စေ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမ စပ်ယှက်မှုကို ပြုလုပ်လျှင် ပုဒ်မ(၃၇၇)နှင့်ငြိစွန်းသည်ဟု ပါရှိပါသည်။

Excel Treasure hotel မှာကျင်းပပြုလုပ်ခဲ့တဲ့လိင်တူချစ်သူနှစ်ဦး ရဲ့ (၁၀)နှစ်ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲ စခန်းမှ စတင်စစ်ဆေးနေပြီ
ဖြစ်ကြောင်းသိရှိရပါသည်။

ဂျူလှိုင်မောင်

From-https://www.facebook.com/JulyMg730

0 comments:

Post a Comment