4.3.14

NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ မိတ်ဆုံ ညစာစား





4/3/2014

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း၌ လွှတ်တော်အတွင်းရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တို့သည် ယနေ့ (မတ် ၃ ရက်) ညနေပိုင်းအချိန်တွင် မိတ်ဆုံညစာစားပွဲ ကျင်းပခဲ့သည်။ 

ယင်းတိုင်းရင်းသားမိတ်ဆုံညစာစားပွဲတွင် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ယခုလို တွေ့ ဆုံရသည့်အတွက် အများကြီးဝမ်းသာမိပြီး မိသားစုသကဲ့သို့ တွေ့ ဆုံပွဲမျိုး ဖြစ်၍ အင်မတန်မှ နွေးနွေးထွေးထွေး ရှိကြောင်း ယခုတွေ့ ဆုံစားသောက်ပွဲသည် အထူးအထွေ အကြောင်းအရာ ရှိ၍ မဟုတ်ဘဲ အားလုံးခင်ခင်မင်မင်နင့် တစ်ဦးကို တစ်ဦး ပို၍ ရင်းရင်းနီးနီး သိနိုင်စေရန် ရည်ရွယ်ကြောင်း နုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

(သတင်း/ဓာတ်ပုံ - စိုင်းလမင်း)

Popular Myanmar News Journal

0 comments:

Post a Comment