4.3.14

ရေအား လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး




Tuesday, March 4, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Borge BRENDE ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံစဉ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးခဲ့မှု ၊ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး၊ လူသား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြသည်။အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နော်ဝေနိုင် ငံခြားရေး ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး တက်ရောက်သည်။

မြ၀တီ

0 comments:

Post a Comment