4.3.14

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ 11th (AMIIM)နှင့် 4th (AMOIM) အစည်းအဝေး များသို့ တက်ရောက်ခဲ့သော အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စား လှယ်များအား လက်ခံ တွေ့ဆုံ




တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပြုလုပ်သည့် 11th ASEAN Military Intelligence Informal Meeting (AMIIM) နှင့် 4th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံသည်။


အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး 11th (AMIIM) အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဘရူနိုင်း နိုင်ငံမှ Col(L) Abd Rahman Bakar ၊ ကမ္ဘောဒီးယား နိုင်ငံမှ Maj.Gen.Sovann Han၊ အင်ဒိုနီးရှားနိုင်ငံမှ Maj. Gen. Tisna Komara W.S.E ၊ လာအိုနိုင်ငံမှ Lt.Col. Thongphanh Xingvongxay၊ မလေးရှား နိုင်ငံမှLt.Gen. Datuk Abdul Hadi Bin Hj Hussin?၊ ဖိလစ်ပိုင်နိုင်ငံမှ Maj.Gen. Virgilio A Henandez၊ စင်ကာပူ နိုင်ငံမှ Brig.Gen. Mervyn Tan?၊ ထိုင်းနိုင်ငံမှ Lt.Gen. Seehanart Wongsaroj ဗီယက်နမ် နိုင်ငံမှ Lt.Gen. Luu Duc Huy နှင့် 4th (AMOIM) အစည်းအဝေးသို့ တက်ရောက်ခဲ့ သော ဘရူနိုင်းနိုင်ငံမှ Col. Haji Zainal Ariffin Bin Dato Paduka Haji Ahmad၊ ကမ္ဘောဒီးယားနိုင်ငံမှ Brig.Gen. Hang Chenda၊ အင်ဒိုနီးရှားနိုင်ငံမှ Maj.Gen. Ridwan၊ လာအိုနိုင်ငံမှ Lt.Gen. Somphone Mittaphone၊ မလေးရှားနိုင်ငံမBrig.Gen. Dato Haji Sanusi Bin Haji Samion၊ ဖိလစ်ပိုင်နိုင်ငံမှ Brig.Gen. Andre P Tanyag ၊ စင်ကာပူနိုင်ငံမှ Brig.Gen. Chai Choon ထိုင်းနိုင်ငံမှ Lt.Gen.Tarnchaiyan Srisuwan၊ ဗီယက်နမ်နိုင်ငံမှ Maj.Gen.Huynh Ngoc Ha တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက 11th (AMIIM) အစည်းအဝေး ဆောင်ရွက်ခဲ့မှု အခြေအနေ များအား လည်းကောင်း၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် မြထွန်းဦးက 4th(AMOIM) အစည်းအဝေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 11th (AMIIM) နှင့် 4th(AMOIM) အစည်းအဝေး များသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ တပ်မတော် အရာရှိကြီး များအား လှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ ယခု ကျင်းပခဲ့သည့် အစည်းအဝေး များအား မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး အကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းခြင်း ဖြစ်သော်လည်း အစစအရာရာတွင် အဆင်ပြေစေရန် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထား ပါကြောင်း၊ အာဆီယံ၏ လုပ်ငန်းနယ်ပယ်မှာ လွန်စွာ ကျယ်ဝန်းသော်လည်း မိမိတို့လူမျိုး တစ်ခုချင်းသည် သွင်ပြင်လက္ခာများစွာ ကွာခြားမှု မရှိကြကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံလည်း အကြောင်းအရာ အမျိုးမျိုးဖြင့် ထိစပ်မှု ရှိနေကြကြောင်း၊

လူဦးရေ လွန်စွာ များပြားသည့် အိန္ဒိယ နိုင်ငံ၊ တရုတ်နိုင်ငံ တို့နှင့် ထိစပ်နေမှု၊ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် သမုဒ္ဒရာတို့နှင့် ဆက်စပ် နေမှုများသည် အရှေ့တောင် အာရှ ဒေသ၏ ပထဝီဝင် ထူးခြားအရေးပါမှုများ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံများ အနေနှင့် နိုင်ငံ တစ်ခုနှင့်တစ်ခု အာဆီယံ အဖွဲ့ကြီးအတွင်း ပါဝင်လုပ်ဆောင်မှုအတွေ့ အကြုံများ မတူညီကြသော်လည်း အဖွဲ့ဝင်နိုင်ငံ များအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း၊

အဓိကမှာ အာဆီယံ နိုင်ငံများ၏ ညီညွတ်မှုပင်ဖြစ်ကြောင်း၊ အစည်းအဝေးများ တွင်ဆွေးနွေးမှုများအား လက်တွေ့နယ်ပယ်၌ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုကြောင်း၊ အာဆီယံလုပ်ငန်း နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုမှသည် ယုံကြည်မှုများကို ရရှိလာမှာ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ယခု ကျင်းပလျက် ရှိသည့် အာဆီယံ အစည်းအဝေး များမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အဝ ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် 11th ASEAN Military Intelligence Informal Meeting (AMIIM)နှင့် 4th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေး များသို့ တက်ရောက်ခဲ့သော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ နှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

11th ASEAN Chiefs of Defence Forces Informal Meeting

0 comments:

Post a Comment