4.3.14

နို င်ငံတကာ Event များနှင့် အချိန်ကိုက် လုပ်ဆောင်



Tuesday, March 4, 2014

လူသာချင်းစာနာထောက်ထားမှုကို အလေးထား ဆောင်ရွက်နေတဲ့ အစိုးရကို အခက်အခဲ ဖြစ်အောင်၊ အကျပ်အတည်း ဖြစ်အောင်၊ ပဋိပက္ခတွေ နောက်တစ်ကြိမ် ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်နေတဲ့ ဒီလုပ်ဆောင်ချက်တွေဟာ စနစ်တကျ စီစဉ်ဆောင်ရွက်နေတာ လို့ သုံးသပ်နိုင်တယ်။ 
အတန်အသင့် တည်ငြိမ်စ ပြုလာနေပြီ ဖြစ်တဲ့ ပြည်တွင်း အခြေအနေတွေ ဆိုးရွားလာအောင်၊ တည်ငြိမ်မှုပျက်ပြားစေအောင် လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်မှန်သမျှ နဲ့ ပတ်သက်လို့ ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားလုံခြုံရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်ရာ မရောက်စေဖို့ သတိပြုကြဖို့ လိုတယ်။ 

UN မှာ အစည်းအဝေးနီးလာလို့၊ လူ့အခွင့်အရေးကိုယ်စားလှယ် လာမှာမို့လို့စတဲ့ နိုင်ငံတကာ Event တွေနဲ့ အချိန်ကိုက် လုပ်ဆောင်တာမျိုးတွေကြောင့် ပြည်တွင်း မတည်မငြိမ်မှုတွေ ပြန်ပြီး ဖြစ်ပေါ်လာရင် ဘင်္ဂလီတက်ကြွလှုပ်ရှားသူတွေ၊ မဟုတ်မမှန်သတင်းဖြန့်ဖြူးသူတွေ၊ မမှန်သတင်းတွေကို အခြေခံပြီး ဖိအားပေးလာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးမှာ တာဝန်ရှိမှာပဲ ဖြစ်တယ် လို့ ပြောချင်တယ်။

(ပြည်မြန်မာ သတင်းဂျာနယ်)
Hmuu Zaw

0 comments:

Post a Comment