4.3.14

ဝ နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သူရဦးရွှေမန်းနဲ့ တွေ့ဆုံ


4.3.201

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP က ခေါင်းဆောင်တွေဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို လာရောက်လေ့လာပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတာဟာ နိုင်ငံအနာဂတ်အတွက် အများကြီးအကျိုးရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ဒီနေ့ တွေ့ဆုံ စဉ် ပြောပါတယ်။

နောင်မှာလည်း မကြာခဏတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဒီနေ့ တွေ့ဆုံရာ မှာပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျင်ဝမ်းက ပြောပါတယ်။

"အခုအချိန်က ပထမဆုံးအကြိမ်ပေါ့ဗျာ၊ နောက်ပိုင်းဆိုရင် မကြာမကြာ လူကြီးတွေကလည်း ထိတွေ့ဆက်ဆံပြီး အမြဲတမ်းလာတွေ့မယ် လို့ ပြောပါတယ်"

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ ၂ က ဒုတိယစစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ဦး နဲ့ မိုင်းလားအထူးဒေသ ၄ က ဒုတိယဥက္ကဌ ဦးဆမ်တူဦးဆောင်တဲ့ အဖွဲ့ဝင် ၃ဦး တို့ဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာ ခဲ့တာဖြစ်ပါတယ်။

RFA

0 comments:

Post a Comment